Information

1 2 3 4

Video

Thursday, December 29, 2016

SM-A300F CF-Auto-Root File




OEM          samsung
Model        SM-A300F
Name        a3ltexx
Device       a3lte
Board        msm8916
Platform    msm8916
Build ID     LRX22G.A300FXXU1BOK4
Android     5.0.2

File  Size:  23.7 MB





http://adf.ly/1hBQGE

CF-Auto-Root-j5nlte-j5nltexx-smj500fn


CF-Auto-Root-j5nlte-j5nltexx-smj500fn

OEM            samsung
Mode           SM-J500FN
Name           j5nltexx
Device         j5nlte
Board          msm8916
Platform       msm8916
Build ID       LMY48B.J500FNXXU1AOK2
Android       5.1.1


File  Size: 25.1MB


http://adf.ly/1hBJgx


Wednesday, December 28, 2016

CF-Auto-Root-j5nlte-j5nltexx-smj500f


CF-Auto-Root-j5nlte-j5nltexx-smj500f

OEM    samsung
Model   SM-J500F 
Name    j5ltexx
Device   j5lte
Board    MSM8916
Platform  msm8916
Build ID  MMB29M.J500FXXU1BPG5
Android  6.0.1

Size:      26.9MB





http://adf.ly/1h9V7h




Tuesday, December 27, 2016

Deepwater Horizon ดีปวอเทอร์ ฮอไรซัน ฝ่าวิบัติเพลิงนรก 2016 Movies-HD

Deepwater Horizon ดีปวอเทอร์ ฮอไรซัน ฝ่าวิบัติเพลิงนรก
File Size:  1.0GB


http://adf.ly/1h7OoW

Monday, December 26, 2016

Maximum Conviction บุกแหลกแหกคุกเหล็ก

 Maximum Conviction บุกแหลกแหกคุกเหล็ก
File Size  742.5 MB
 အစမ်းကြည့်ရန်
အောက်ကလင့်မှာဒေါင်းပါ

http://adf.ly/1h5MSG

Sunday, December 25, 2016

GALAXY A7 - SM-A700FD FIRMWARE


Model                           SM-A700FD
Model name                 GALAXY A7
Country                        Thailand
Version                         Android 6.0.1
Changelist                     9186559
Build date                     Thu, 13 Oct 2016 13:05:29 +0000
Security Patch Level     2016-10-01
Product code               THL
PDA                           A700FDXXU1CPJ2
CSC                           A700FDOLB1CPJ2



http://adf.ly/1h3R2i


Thursday, December 22, 2016

Galaxy J7 ⑥ - SM-J710K FIRMWARE

                                     Model                          SM-J710K
                                     Model name                 Galaxy J7 ?
                                     Country                       Korea (KT Corporation)
                                     Version                        Android 6.0.1
                                     Changelist                    9466637
                                     Build date                    Thu, 13 Oct 2016 02:34:45 +0000
                                     Security Patch Level      2016-10-01
                                     Product code                KTC
                                     PDA                            J710KKKU1APJ2
                                     CSC                            J710KKTC1APJ2



http://adf.ly/1gxwLC


Wednesday, December 21, 2016

Commando Adventure Shooting V-5.0 (ဟတ်ပြီးသား)ဂိမ်း

Commando သေနတ်ပြစ်ဂိမ်းကြိုက်သူတွေအတွက်ဂိမ်းကောင်းလေးပါ
တစ်နေရာတည်းရပ်ပြစ်ရတာမဟုတ်ပဲ
ရန်သူတွေရှိတဲ့နေရာကိုလိုက်လံပြစ်
ရတဲ့ဇာတ်လမ်းသွားဂိမ်းကောင်းလေးပါ။
နောက်ဆုံးဗားရှင်းမဟုတ်ပင်မဲ့အင်တာနက်ဖွင့်ပြီးတော့လည်းဆော့နိုင်ပါတယ်။
Apkတမျိုးတည်းပါ(lnstall လုပ့်ပီးတန်းဆော့)
File Size:59.3 MB အောက့်ကလင့်မှာဒေါင်းပါ







http://adf.ly/1gxbBt



Galaxy J7 ⑥ - SM-J710MN FIRMWARE


                                         Model                      SM-J710MN
                                         Model name             Galaxy J7 ?
                                        Country                    Argentina (Movistar)
                                        Version                     Android 6.0.1
                                        Changelist                 9247539
                                        Build date                  Tue, 13 Sep 2016 17:13:33 +0000
                                        Security Patch Level    2016-09-01
                                        Product code              UFN
                                        PDA                          J710MNUBU1API5
                                        CSC                          J710MNUWT1API5

http://adf.ly/1gwZei

မြန်မာ့အသက်အငယ်ဆုံး စစ်ဘုရင် မင်းရဲကျော်စွာ

မြန်မာ့အသက်အငယ်ဆုံး စစ်ဘုရင် မင်းရဲကျော်စွာ
May Dim
စစ်ဘုရင် မင်းရဲကျော်စွာ ( ဖွား-၇၅၂ ၊ လွန်-၇၇၈ )


မင်းရဲကျော်စွာကား ' အသက်အငယ်ဆုံး စစ်ဘုရင် ' အဖြစ် မြန်မာရာဇ၀င်တွင် မော်ကွန်းရေးထိုးနိုင်သည့် မင်းသားတစ်ပါးဖြစ်သည်။ မင်းရဲကျော်စွာသည် အင်းဝဘုရင် ပထမမင်းခေါင် နှင့်မိဖုရားရှင်မိနောက် တို့မှ သက္ကရာဇ် ၇၅၂ ခုနှစ်တွင် ဖွားမြင်သည်။ သမိုင်းသုတေသီတို့က - မင်းရဲကျော်စွာကထူးခြားသူပင်၊ အသက်ငယ်ငယ်နှင့် မတန်လှစွာ စစ်ရေးစစ်ရာ ကျွမ်းကျင်လှသည်။ မင်းရဲကျော်စွာ၏ထူးခြားချက်မှာ မင်းရဲကျော်စွာ၏ မွေးဖွားချိန်သည် မြန်မာနိုင်ငံသမိုင်းတွင် အကြီးကျယ်ဆုံးနှင့် အရှည်ကြာဆုံးဖြစ်သည့် မွန်-မြန်မာ အနှစ် ၄၀ စစ်ပွဲကာလဖြစ်နေခြင်းပင်ဖြစ်သည် ဟုမှတ်တမ်းပြုသည်။ အချို့ပညာရှင်များကလည်း မင်းရဲကျော်စွာသည် ဖခင်အင်းဝဘုရင် မင်းခေါင်မှာစစ်ဘုရင်တစ်ပါး ဖြစ်သဖြင့် အမိဝမ်းထဲရှိနေစဉ် ကပင်စစ်သွေးစစ်စိတ် ဗီဇများ ပါဝင်လေသလား ဟုမှတ်တမ်းပြုသည်။ အချို့ပညာရှင်များကမူ မင်းရဲကျော်စွာသည် မွန်ဘုရင် ရာဇာဓိရာဇ်၏ သံသယဖြင့် သတ်ပစ်ခဲ့သော ရာဇာဓိရာဇ် သားတော် ဗောလောကျန်းတော ၀င်စားသည်ဟုဆိုကြသည်။
မည်သို့ပင်ဖြစ်စေ မင်းရဲကျော်စွာ၏ ဘ၀သမိုင်းကို ပြန်ကြည့်လျှင် ထူးခြားမှုများရှိနေသည်ကို တွေ့ရ၏။
အကြောင်းမှာ -
သက္ကရာဇ် ၇၆၅ ခုနှစ် ၊ မင်းရဲကျော်စွာ သက်တော် ၁၃ နှစ်ဝင်စတွင် စစ်ဘုရင်ဘ၀သို့ ရောက်နေသောကြောင့်ဖြစ်သည်။
သက္ကရာဇ် ၇၆၅ ခုနှစ်တွင် ရခိုင်ဘုရင် ထောရာကြီး သည် မြန်မာမင်းတို့၏ ပိုင်နက်ဖြစ်သည့် ယောဆောနှင့် လောင်းရှည်တို့အား ထိပါးလာသဖြင့် ဘုရင်မင်းခေါင်သည် သားတော်မင်းရဲကျော်စွာအား တပ်မှူးခန့်ကာ တပ် ၁၀ တပ်နှင့် ချီတက်နှိမ်နင်းစေခဲ့သည်။ နနွင်းတောင်အရပ်တွင် မြန်မာတပ်နှင့် ရခိုင်ဘုရင်တပ်သို့ ရင်ဆိုင်တွေ့ကြရာ မင်းရဲကျော်စွာသည် ရုတ်ခြည်း လက်ဝဲ ၃ ၊ လက်ယာ ၃ ၊ တပ်ခွဲစေကာ ကိုယ်တိုင်မူ အလယ်ကြောင်း ၄တပ် အားကြီးမှူးပြီး ရဲမြတ်စွာ အမည်ရှိ ဆင်ကိုစီးပြီး ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့သည်။ ထိုစစ်ပွဲတွင် ရခိုင်ဘုရင်ကျဆုံးပြီး ရခိုင်တပ်များ ထောင်းထောင်းညက်ညက်ကြေကာ တပ်ပျက်ဆုတ်ပြေးခဲ့ရ၏။ ထိုတိုက်ပွဲက မင်းရဲကျော်စွာ၏ ပထမဆုံးအောင်ပွဲဆင်နွှဲရသည့်တိုက်ပွဲလည်းဖြစ်သည်။
မင်းရဲကျော်စွာသည် သက္ကရာဇ် ၄၆၈ ခုနှစ်တွင် အင်းဝနန်း၏ မဟာဥပရာဇာ အဖြစ် ချီးမြှင့်မြှောက်စားခြင်း ခံခဲ့ရ၏။ မင်းရဲကျော်စွာသည် သက္ကရာဇ် ၇၇၂ မှ သည် နတ်ရွာစံသည့် ၇၇၈ ခုနှစ် အထိ ၆ နှစ်သော ကာလပတ်လုံး စစ်ကစားခဲ့ရသည်။ လက်ရုံးရည်တွင် စံဖက်ထင်ရှားသူအဖြစ် မှတ်တမ်းတင်ခံရလောက်အောင် ရဲစွမ်းပြနိုင်ခဲ့သည့် သူရဲကောင်း စစ်ဘုရင် ပင်ဖြစ်သည်။
မင်းရဲကျော်စွာ၏ ဘ၀တွင်ထင်ရှားသည့် တိုက်ပွဲနှင့် ဖြစ်စဉ်များကိုဖော်ပြရလျှင် -
-(က) သက္ကရာဇ် ၇၇၂ ခုနှစ် ။
မွန်ပြည်နယ်သို့ချီတက်ကာ မြောင်းမြ၊ ပုသိမ် နှင့် ခဲပေါင်တို့အား လုပ်ကြံခဲ့သည်။ အပြန်တွင် ရခိုင်၊ သံတွဲကိုပါ တိုက်ခိုက်အောင်မြင်ခဲ့သည်။
-(ခ) သက္ကရာဇ် ၇၇၃ ခုနှစ် ။
ရာဇာဓိရာဇ်သည် ရခိုင်သံတွဲကိုလုပ်ကြံသည်။ ထိုအကြောင်းကို မင်းရဲကျော်စွာ ကြားသိလျှင် ချက်ချင်းချီတက် ၀န်းရံလုပ်ကြံသည်။ သို့သော်အောင်မြင်ကြီးပွားခြင်း မရှိမီ တပ်ခေါက်ပြန်ခဲ့ရသည်။
-(ဂ)သက္ကရာဇ် ၇၇၃ ခုနှစ် ။
သိန္နီစော်ဘွား အင်းဝသို့ ချီလာသည်ကို မင်းရဲကျော်စွာအမှူးပြုကာ ခုခံ၏။ ပထမနှစ်ဖက် မြင်းတပ်ချင်းတိုက်သည်။ နောက် မင်းရဲကျော်စွာ နှင့် သိန္နီစော်ဘွား စီးချင်းထိုးသည်။ ထိုသို့စီးချင်းထိုးစဉ် မင်းရဲကျော်စွာသည် သိန္နီစော်ဘွား၏ဆင်ပေါ်သို့ ခုန်တက်ပြီး စော်ဘွားနှင့်တကွ ကုန်လယ်၊ ပဲ့စီးတို့ကိုပါ ခုတ်ချအောင်မြင်ခဲ့သည်။ ၅ လခန့်အကြာတွင် သိန္နီတပ်များ တရုတ်တပ်တို့ထံမှ အကူအညီတောင်းကာ ချီတက်လာသည်ကို မင်းရဲကျော်စွာ တိုက်ခိုက်အောင်မြင်သဖြင့် ဆင်၊ မြင်း၊ သုံ့ပန်း အများအပြားကို ရလိုက်သည်။
(ဃ)သက္ကရာင်္ဇ ၇၇၄ ခုနှစ် ။
မင်းရဲကျော်စွာသည် ကြည်းကြောင်း ဖြင့် မွန်တို့ဌာနီ သို့ချီတက်ခဲ့၏။ သံလျင်ကို အောင်မြင်ကာ အနောက်ဘက်တစ်လွှားဖြစ်သည့် ပုသိမ်၊ မြောင်းမြ ၊ ခဲပေါင်းမှ သုံ့ပန်းတို့အား အင်းဝသို့ ချည်ပို့ရ၏။
(င)သက္ကရာဇ် ၇၇၅ ခုနှစ် ။
မော်တုံး မော်ကပ်ဓား ရှမ်းတို့ မြေဒူးသို့ ထိပါးလာရာ မင်းရဲကျော်စွာ ချီတက်တိုက်ခိုက်အောင်မြင်သည်။
(စ) သက္ကရာဇ် ၇၇၆ ခုနှစ် ။
မင်းရဲကျော်စွာမွန်တို့ပြည်သို့ ချီတက်လာသည်။ မင်းရဲကျော်စွာ ချီတက်တိုက်ခိုက်ရာ စစ်ဦးတွင်အကြိမ်ကြိမ်အနိုင်ရ၏။ ရာဇာဓိရာဇ် မုတ္တမ ဘက်သို့ရှောင်တိမ်းရသဖြင့် အနောက်တစ်လွှားရှိ ပုသိမ်၊ မြောင်းမြ မှမြန်မာတို့ဖက်သို့ဝင်လာ၏။ မွန်သူရဲကောင်း သမိန်ဗရမ်းကိုလက်ရမိသည်။ မင်းရဲကျော်စွာသည် ဒလတွင် တပ်ချကာ ရာဇာဓိရာဇ်အားတိုက်ခိုက်ရန်ပြင်သည်။
(ဆ) သက္ကရာဇ် ၇၇၈ တန်ခူး ၁ ရက်နေ့၊
ရာဇာဓိရာဇ်သည် မိမိစစ်တပ်ကိုဖြတ်ကာ စစ်အင်ကျင်းနေ၏။ ရာဇာဓိရာဇ်သည် အမတ်ရှိန်အား ဆင် ၅ စီး၊ တပ်သား ၈၀၀ ခန့်နှင့် မင်းရဲကျော်စွာ အားစစ်မြှူစေသည်။
မင်းရဲကျော်စွာသည် အလျင်စလိုပင် စစ်မြှူရာရောက်သဖြင့် တပ်မနှင့်ကွဲပြားခဲ့၏။ ထိုသို့ ကမူးရှူးထိုး ချီတက်သဖြင့် မွန်တပ် ၆ တပ် နှင့်ထိပ်တိုက် တွေ့ရာ ၄ တပ်ပျက်၏။ ဆင်တော်ပန်းလှသဖြင့်ရပ်နေစဉ် ရာဇာဓိရာဇ်၏ သားတော်ကြီး ၃ပါးကြီးမှူးသော ဆင်အစီး ၃၀ ခန့်နှင့် ၀ိုင်းဝန်းတိုက်ခိုက်ခြင်းခံလိုက်ရသည်။ မင်းရဲကျော်စွာ၏စီးတော်ဆင် ငချစ်နိုင် လှံချက်ပေါင်းမြောက်များစွာထိပြီး မခံနိုင်သဖြင့် ခါချရာ မင်းရဲကျော်စွာကျပြီး ပေါင်တွင်ဒဏ်ရာရ၏။
ထိုအခါမင်းရဲကျော်စွာအား လက်ရဖမ်းမိသွားသည်။ မင်းရဲကျော်စွာဆင်ထိနာသည်းသည့်နေ့ ( ၇၇၈ ၊ တန်ခူးလဆန်း ၄ရက် ) ညတွင် လွန်တော်မူသည်။


Saturday, December 10, 2016

တပင်ရွှေထီး ဘုရင့်နောင်နှင့် ဒုတိယမြန်မာနိုင်ငံတော် (အပိုင်း - ၄)

သမိုင်းတွင်သည့် သူရဲကောင်းရွေးချယ်ပွဲ
တပင်ရွှေထီးသည် တောင်ငူရွှေနန်းကို စိုးစံတော်မူနေရပြီ ဖြစ်သော်လည်း နားထွင်းမင်္ဂလာတော်ကိုကား ပြုတော်မမူရသေးပေ။ ထို့ကြောင့် နန်းတက်ပြီး (၂)နှစ်အကြာ သက်တော် (၁၇)နှစ် အရွယ်ထက်သို့ ရောက်သော်မူသည်တွင် နားထွင်းမင်္ဂလာတော်ကို ကျင်းပပြုလုပ်ရန် စီစဉ်တော်မူသည်။

တပင်ရွှေထီးကား အရွယ်ငယ်စဉ်ကပင် ရန်သူ့နယ်မြေ ဟံသာဝတီတွင်ရှိသည့် ရွှေမော်ဓောစေတီတော်ကို သွားရောက်ဖူးမြော်လိုသည့် ဆန္ဒက ပြင်းပြနေသည်။ ယခုလည်း နားထွင်း မင်္ဂလာကို ထိုရွှေမော်ဓောစေတီတော်၏ ရင်ပြင်ပေါ်တွင်ပင် သွားရောက်၍ ဆင်ယင်ကျင်းပလိုသည့် အလိုဆန္ဒတော် ဖြစ်ပေါ်နေမိသည်။

ထိုအချိန်က ဟံသာဝတီကို မွန်ဘုရင် သုရှင်တကာရွတ်ပိက စိုးစံအုပ်ချုပ်လျက်ရှိပြီး၊ ထိုဟံသာဝတီနယ်မြေတွင် တည်ထားသည့် ရွှေမော်ဓောစေတီတော်ကလည်း လွန်စွာပင် တန်ခိုးကြီးထင်ရှား၏။ ဆုတောင်းလျှင် ဆုတောင်းပြည့်သည်ဟုလည်း ဆိုကြ၏။ ထို့ကြောင့်ပင် မင်းသားများကြံစည်မည်ကို စိုးရိမ်သောကြောင့် ‘ရွှေမော်ဓောစေတီတော်ကို မင်းသားများ တက်၍မဖူးမြော်ရ’ ဟုပင် ဟံသာဝတီဘုရင်များက တားမြစ်တော်မူထား၏။

ထိုသို့ တပင်ရွှေထီးအနေဖြင့် ရန်သူ့နယ်မြေသို့ သွားရောက်လိုသည့် အလိုဆန္ဒဖြစ်ပေါ်နေရခြင်းမှာ ယခင်ဘဝက မွန်မင်းသား ဖြစ်ခဲ့ဖူးသောကြောင့်ဟု မဟာရာဇဝင်ကြီး (ဒု) ၁၆၄-၁၆၅ နှင့် မှန်နန်းရာဇဝင်ကြီး (ဒု) ၁၈၉ တို့တွင် ဖော်ပြထားသည်ကို လေ့လာတွေ့ရှိရသည်။ ဖော်ပြထားပုံမှာ ဤသို့ဖြစ်သည်။ မွန်ဘုရင်ဓမ္မစေတီတွင် ‘မင်းရဲကျော်စွာ’ အမည်ဖြင့် သားတော်တစ်ပါးရှိ၏။ ထိုသားတော် မင်းရဲကျော်စွာသည် ငယ်စဉ်ကပင် ထက်မြက်လှ၏။ သူရသတ္တိနှင့် အထူးသဖြင့် ပြည့်စုံ၏။ မင်းရဲကျော်စွာအရွယ်ရောက်လာသောအခါ ခမည်းတော်ဓမ္မစေတီမင်းက မိမိထီးနန်းကို လုယူလိမ့်မည်ဟု ယုံစားသံသယဝင်တော်မူသည်။

တစ်နေ့တွင် ဟံသာဝတီနေပြည်တော်မှ နောက်ပါငယ်ကျွန်များနဲ့အတူ မင်းရဲကျော်စွာ ဒဂုံ(ရန်ကုန်) သို့ သွားရာ မလိုသူတို့က ဓမ္မစေတီမင်းကို ကုန်းချောသည်။ ဘုရင်က လိုက်လံဖမ်းဆီးစေသောအခါ မင်းရဲကျော်စွာကို မိသည်။ ထိုအခါ မင်းရဲကျော်စွာကို မလိုသည့်အမတ် က္ကုန္ဒဇိတ်က ဘုရင့်အမိန့်မရဘဲ မင်းရဲကျော်စွာကို သတ်ရန်စီစဉ်သည်။ မင်းရဲကျော်စွာက အသတ်မခံရမီတွင် ရွှေမော်ဓောစေတီတော်၌ မိမိ၏ဝတ်စားတန်ဆာတို့ကို လှူဒါန်းကာ-
“ငါ့ခမည်းတော်သည် ငါ့၌ အပြစ်မရှိဘဲ ငါ့အား အပြစ်ရှာ၍ ကွပ်မျက်သည်။ ထို့ကြောင့် ငါသည် နောင်ဘဝ၌ မွန်ဘုရင်ကိုနိုင်၍ မွန်သုံးရပ်ကို အုပ်စိုးရသည် ဖြစ်ပါစေသား” ဟု ဆုတောင်းကာ ကွပ်မျက်ခြင်းခံခဲ့ရသည်။

ထို့ကြောင့် တပင်ရွှေထီးကို မွန်မင်းသား မင်းရဲကျော်စွာ ဝင်စားသည်ဟု ရာဇဝင်တို့က ဆိုသည်။ တပင်ရွှေထီးသည် ရန်သူ့နယ်မြေ ဟံသာဝတီတွင် သွားရောက်နားထွင်းလိုသည့် မိမိအလိုဆန္ဒတော်နှင့်ပတ်သက်ပြီး ညီလာခံသဘင်၌ မှူးမတ်သေနာပတိတို့ကို မိန့်တော်မူကာ သဘောဆန္ဒကို တောင်းခံတော်မူသည်။

မှူးမတ်အများက ထိုကိစ္စကို သဘောတူလိုခြင်း မရှိကြ။ ပြုလုပ်ရန် မသင့်ဟု ယူဆကြသည်။ သို့သော် နောင်တော်ရင်း သဖွယ်ဖြစ်သည့် ‘ကျော်ထင်နော်ရထာ’ ဘွဲ့မည်ရ ရှင်ရဲထွတ် ကမူ “ရွှေနန်းရှင် အရှင်မင်းမြတ် . . . ဆန္ဒတော်ရှိသည်မှာ လွန်စွာသင့်လျော်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ယခုကိစ္စသည် မင်္ဂလာကိစ္စဖြစ်သည့် အားလျော်စွာ အကောင်းဆုံးအောင်မြေဖြစ်သည့် နေရာကိုသာ ရနိုင်ရန် ကြံဆောင်သင့်ပါ၏။ ဟံသာဝတီရှိ ရွှေမော်ဓောစေတီတော်မှာ ဆုတောင်းပြည့် ဘုရားလည်း အမှန်ဖြစ်ပါသည်။

ရန်သူ၏ နယ်မြေသို့ သွားရောက်ရမည် ဖြစ်သော်လည်း ဘုန်းသမ္ဘာနှင့် ပြည့်စုံသော မင်းတို့အဖို့ ကေသရာဇာခြင်္သေ့မင်းသည် ရွှေဂူမှထွက်တော်မူလျှင် မည်သည့်သားသတ္တဝါမျှ မော်လျက် မကြည့်ဝံ့သကဲ့သို့ ရှိမည်။ ဤစကားကို ယုံကြည်တော် မမူပါက ယခုပင် ထွက်တော်မူပါ။ ကျွန်တော်မျိုး ရှေ့မှနေ၍ ရင်မြေကတုတ်လုပ်လျက် အမှုတော်ကို ထမ်းရွက်ပါမည်” လျှောက်တင်လေရာ တပင်ရွှေထီးမှာ ကျော်ထင်နော်ရထာ၏ လျှောက်တင်ချက်ကို နှစ်သက်အားရတော်မူလှသဖြင့် လက်သုံးတော် ကျောက်စီဓားကို ရဲဆုအဖြစ် ကျော်ထင်နော်ရထာအား ပေးသနားတော်မူသည်။

ထို့နောက် တပင်ရွှေထီးက
“ယခု ရန်သူ့နယ်မြေဖြစ်သည့် ဟံသာဝတီရှိ ရွှေမော်ဓောစေတီတော်သို့ ထွက်တော်မူမည့်အရေးကိစ္စတွင် မင်းယောက်ျားအမှုထမ်း ဖြစ်ပါလျက် ယောက်ျားကောင်း၊ ယောက်ျားမြတ်တို့၏ ဂုဏ်ရည်မပီ၊ ကြောက်သွေးပါသူများကို ငါကား အလိုမရှိ၊ ခြသေ့င်္ကဲ့သို့ စွမ်းအားရှိလျက်၊ ကျားကဲ့သို့ ရဲရင့်သည့် မကြောက်မရွံ့၊ နောက်မတွန့်သည့် သူရသတ္တိနှင့် ပြည့်စုံသော ကေတုမတီသား သူရဲကောင်း၊ ယောက်ျားမြတ်တို့ကိုသာ ငါ အလိုရှိသည်။ ထို့ကြောင့် နောင်တော်ကျော်ထင်နော်ရထာက ရန်သူ့နယ်မြေကို ငါနှင့်အတူလိုက်ပါမည့် သူရဲကောင်းများကို သေချာစိစစ် ရွေးချယ်မှုပြုစေ” ဟု အမိန့်တော် ချမှတ်သည်။

ကျော်ထင်နော်ရထာကလည်း
“ရန်သူ့နယ်မြေသို့ချီရန် အရေးကိစ္စတွင် စစ်သည်ဗိုလ်ပါများစွာ မလိုပါ။ သူရဲကောင်း ငါးရာသာ လိုပါသည်” ဟု ပြန်လျောက်တင်လေရာ တပင်ရွှေထီးက ယင်းသူရဲကောင်း ငါးရာကို ရွေးချယ်ရေးအတွက် ကျော်ထင်နော်ရထာကို တာဝန်ပေးတော်မူသည်။

ထို့နောက် ကျော်ထင်နော်ရထာသည်
“ဘဝရှင်မင်းတရားသည် ဟံသာဝတီရှိ ရွှေမော်ဓောစေတီတော်သို့ နားထွင်းမင်္ဂလာသဘင် ဆင်ယင်ကျင်းပတော်မူရန် မကြာမီ ထွက်တော်မူလိမ့်မည်။ အမှုတော်ထမ်း၍ နောက်တော်က လိုက်ပါလိုသူများ ရွှေနန်းတော်သို့ လာရောက်လျှင် သူရဲကောင်းအဖြစ် အရွေးခံကြစေ။ သူရဲကောင်း ငါးရာကို ရွေးတော်မူလိမ့်မည်” ဟု ကေတုမတီ နေပြည်တော်အနှံ့ မောင်းကြေး နင်းခတ်၍ ကြေညာစေသည်။

သူရဲကောင်း ရွေးချယ်ပွဲ ပြုလုပ်မည့်နောက်တစ်နေ့တွင်မူ ကေတုမတီနေပြည်တော်အနှံ့မှ သူရဲကောင်းရွေးချယ်ရန်အတွက် လာရောက်ကြသူများမှာ ရင်ပြင်တစ်ခုလုံးတိုးမပေါက်အောင်ဆိုရမည်သို့ များပြားလှသည်ကို ရွှေနန်းရှင် ဘုရင်တပင်ရွှေထီးမှာ နှစ်သက်ဝမ်းမြောက်တော်မူစွာ တွေ့မြင်တော်မူလိုက်ရသည်။

ကျော်ထင်နော်ရထာက သူရဲကောင်းအရွေးခံရန် လာရောက်ကြသူများကို . . .
“ယခု ကျွန်ုပ်တို့ ဟံသာဝတီသို့ ချီတက်တော်မူမည့်အရေးမှာ သာမန်မဟုတ်၊ ရန်သူ့နယ်မြေသို့ မကြောက်မရွံ့၊ နောက်မတွန့်ဘဲ ဝင်ရောက်ရမည့်အရေးဖြစ်၍ သာမန်မျှ သတ္တိစွမ်းရည်ရှိသူများကိုကား ရွေးချယ်လိမ့်မည်မဟုတ်။ မ တစ်ထောင် တစ်ကောင်ဖွားဆိုရမည်သို့ လွန်စွာသတ္တိကောင်းလှသူ ထူးထူးချွန်ချွန် အာဇာနည်ရဲစိတ်ရဲမာန်ထက်သန်သော အာဂယောက်ျား သူရဲကောင်းများကိုသာ ရွေးချယ်ရလိမ့်မည်။ စွမ်းရည်သတ္တိ အထူးအချွန် တကယ်ပင် ရှိ မရှိ၊ ယခုပင် စမ်းသပ်တော်မူစေမည်။ သို့ဖြစ်၍ အစမ်းသပ်အစစ်ဆေးခံရန် မဝံ့သူများ ဤနေရာမှ ယခုပင်ထွက်ကြရမည်” ဟု ဆိုလိုက်ရာ ရောက်လာကြသူ ကေတုမတီသားတို့က လက်ရုံးကို အထက်သို့ မြှောက်လိုက်ကြကာ “စမ်းသပ်တော်မူပါ၊ စမ်းသပ်တော်မူပါ” ဟု တညီတည်းပြောဆိုလိုက်ကြသည်။

ထို့နောက် သူရဲကောင်း ရွေးချယ်ပွဲ စတင်ရာ ဦးစွာပထမကျော်ထင်နော်ရထာက အစမ်းသပ်ခံရန် သူရဲကောင်းစမ်းသပ်ရာ နေရာသို့ သွားရောက်လိုက်သည်။ ခုံတစ်ခုံပေါ်တွင် ညာဘက်လက်မကို ထောင်၍ခံလိုက်သည်။ စမ်းသပ်သူတို့က ကျော်ထင်နော်ရထာ၏ လက်မထိပ်တွင် အပ်ကိုစိုက်၍ တူဖြင့် တစ်ချက်တည်းထုမြှပ်လိုက်သည်။ လက်မတွင်းသို့ အပ်တစ်ဆုံးဝင်သွားသည်။ သို့သော် ကျော်ထင်နော်ရထာ မည်သို့မျှ သွေးတွန့်တုန်လှုပ်ခြင်းမရှိ။ တောင်ငူရွှေနန်းရှင် ဘုရင်တပင်ရွှေထီးမှာ နောင်တော်ကျော်ထင်နော်ရထာ၏ အာဇာနည်သူရဲကောင်းသတ္တိကို မျက်ဝါးထင်ထင်မြင်တော်မူလိုက်ရသဖြင့် အလွန်အားရတော်မူသွားသည်။

ဤသို့စမ်းသပ်ရာတွင် အောင်မြင်သူတို့ရှိသကဲ့သို့ မအောင်မြင်၍ နန်းရင်ပြင်မှ ထွက်သွားရသူများလည်း အများအပြားရှိနေ၏။ မအောင်မြင်သူတို့ကား တုန်လှုပ်သွားသူများ၊ နာကျင်၍ ညည်းတွားသူများ ဖြစ်၏။

ထိုသူရဲကောင်း ရွေးချယ်ပွဲတွင် သတ္တိစွမ်းရည်နှင့် ပတ်သက်ပြီး မှတ်သားကြရမည့် အမှတ်ထင်ထင်အဖြစ်အပျက် တစ်ခုက ပေါ်ပေါက်လာခဲ့ရသည်။ ထိုအဖြစ်ပျက်ကား အခြားမဟုတ်၊ သူရဲကောင်းအဖြစ် စမ်းသပ်ခံမည့် တပင်ရွှေထီး၏ ငယ်ကျွန်ရင်းဖြစ်သည့် ဗလရဲထင်၏အလှည့်တွင်ဟု ဆိုရမည်။ ဗလရဲထင်မှာ တပင်ရွှေထီး အရွယ်တော်ငယ်စဉ်အချိန်ကပင် တပင်ရွှေထီးနောက်မှ ဓားထမ်းခွင့်ရသူဖြစ်ပြီး၊ တပင်ရွှေထီးက ဗလရဲထင်ကို သူရသတ္တိရှိသူဟု မှတ်ထင်တော်မူသဖြင့် ဗလရဲထင်ဘွဲ့မည် ပေးသနားတော်မူခြင်းကို ခံရသူဖြစ်၏။

ဗလရဲထင်က ရှေ့ကစမ်းသပ်ခံခဲ့သူများအတိုင်း စမ်းသပ်ခံရမည့်နေရာသို့ ရောက်ရှိသွားပြီး ညာလက်မကို အပ်စိုက်ခံလိုက်သည်။ စမ်းသပ်သူတို့က လက်မတွင်းသို့ အပ်ကို တူဖြင့်ရိုက်သွင်းလိုက်သောအခါ တွန့်၍သွားသည်။ ငယ်ကျွန်ရင်း ဗလရဲထင်၏ သွေးတွန့်သောအမူအရာကို တပင်ရွှေထီး မြင်တော်မူသောအခါ “နာမည်က ဗလရဲထင်ဆိုပြီး သွေးတွန့်ရသလား” ဟု မိန့်တော်မူသည်။ ကျော်ထင်နော်ရထာကလည်း ဗလရဲထင်ကို နန်းရင်ပြင်သို့ထွက်ရန်ဆိုလိုက်သဖြင့် လူပုံလယ်တွင် ဗလရဲထင်မှာ ရှက်သွားရသည်။

ထို့နောက် မိမိ၏အရှင်သခင် တပင်ရွှေထီးကို ဦးခိုက်လိုက်ပြီး
“ဘုရားကျွန်တော်မျိုးကို သတ္တိသွေးမဲ့သူဟု ထင်ကြမှာ လွန်စွာပင် ရှက်မိရပါသည်။ တကယ်တန်း၌ ကျွန်တော်မျိုးမှာ ကြောက်သွေးရှိသူ မဟုတ်ပါ။ ယခုပညာစမ်းပွဲတွင် အောင်မြင်ခြင်းမရသည့်အတွက် အလွန်ပင် ဝမ်းနည်းရပါသည်။ သို့သော် ကျွန်တော်မျိုး သတ္တိကို ရွှေနန်းရှင်ဘုရားနှင့် လူအများသိအောင် ပြလိုပါသည် ဘုရား” ဟု လျှောက်တင်လိုက်ကာ ခါးတွင် ထိုးထားသော ဓားမြှောင်ကို ရုတ်တရက်ဆွဲနှုတ်ကာ မိမိဝမ်းဗိုက်ကို ထိုးဖောက်လိုက်သည်။

ဝမ်းဗိုက်အတွင်းမှ ထွက်လာသော အူကို ဆွဲယူပြီး အနီးရှိ ကျော်ထင်နော်ရထာလက်ကို ပေးလိုက်သည်။ ကျော်ထင်နော်ရထာက ဗလရဲထင်၏ အူကို ကိုင်ထားစဉ် ဗလရဲထင်က အူဆုံးသည့်တိုင် ပြေးသည်။ အူဆုံးသည်နှင့် တပြိုင်နက် ဗုန်းခနဲလဲကျ၍ နေရာတွင်ပင် ဗလရဲထင် သေပွဲဝင်ရသည်။ မြင်ရသူတို့က ဗလရဲထင်၏ ဖြစ်ပုံကို ကြည့်ပြီး တအံ့တသြဖြစ်ကုန်ကြရသည်။

မိမိ၏ ငယ်ကျွန်ရင်း ဖြစ်သူ ဗလရဲထင်သေဆုံးသည်တွင် တပင်ရွှေထီးက ပြုံးတော်မူလိုက်ပြီးလျှင် “ငါ၏ ကျွန်တော်ရင်း ဗလရဲထင်သည် မိုက်ကားမိုက်၏၊ သို့သော် သတ္တိကား ရှိသူမဟုတ်” ဟု မိန့်တော်မူသည်။ ဆိုလိုရင်းမှာ မိုက်ခြင်းသည် အဆင်ခြင်မဲ့ ဆင်ကန်းတောတိုးမျှသာ ဖြစ်၏။ သတ္တိရှိခြင်းနှင့်ကား တခြားစီဟူ၍ဖြစ်၏။

ထိုသို့ သူရဲကောင်းများကို ရွေးချယ်တော်မူခြင်းဖြင့် အလိုရှိသည့် သူရဲကောင်း ငါးရာတို့ကို ရရှိပြီးနောက် “ငါ၏ကျွန်တော်မျိုးများသည် နိုင်ငံတော်နှင့် ငါဘုရင်ကို ချစ်ရိုမှန်ကြပါပေသည်” ဟု မိန့်ဆိုကာ သူရဲကောင်း ငါးရာအား ရဲဆုအဖြစ် ကြိုးနီတပ်သော ရွှေခွက်တစ်ခွက်စီကို သနားချီးမြင့်တော်မူသည်။ ထိုသူရဲကောင်းများကိုလည်း “ရွှေခွက်ဆွဲသူရဲ” ဟု ခေါ်ဆိုကြလေ၏။

ရန်သူ့နယ်မြေပေါ်မှ နားထွင်း မင်္ဂလာပွဲ


မင်္ဂလာအခါ ရက်ကောင်းရွေးပြီးသည့် နားထွင်းမင်္ဂလာတော် ကျင်းပရန်နေ့ရက်သို့ ရောက်ရှိလာသောအခါ တပင်ရွှေထီးသည် ဟံသာဝတီရှိ ရွှေမော်ဓောစေတီသို့သွားရန် “ရန်သူအပေါင်းကို အောင်မြင်သောမြင်း” ဟု အဓိပ္ပါယ်ရသည့် “သတ္တရုဇေယျ” အမည်ရှိသော မြင်းတော်ကို ပတ္တမြားကကြိုးတန်ဆာဆင်၍ စီးတော်မူသည်။

သူရဲကောင်းငါးရာတို့ကိုကား မြင်းကောင်းငါးရာကို စီးစေပြီးလျှင် နားထွင်းမင်္ဂလာ၊ ဥသျှောင်ထုံးမင်္ဂလာပြုတော်မူရန် အဆောင်အယောင် အခမ်းအနားတို့နှင့် မင်္ဂလာပုဏ္ဏား ရှစ်ဦးတို့ကိုလည်း ခေါ်ဆောင်တော်မူသည်။

ကေတုမတီတောင်မျက်နှာတံခါးမှ စတင်ထွက်တော်မူရာ ကျော်ထင်နော်ရထာက ဓားလွတ်ကိုကိုင်လျက် ရှေ့တော်မှထွက်သည်။ ချီတော်မူရာတွင် ကျော်ထင်နော်ရထာ၏ဖခင် မင်းရဲသိင်္ခသူနှင့် အမတ်ပေါင်းလေးကျိပ်တို့ကလည်း မြင်းကိုယ်စီဖြင့် လိုက်ပါ လာကြသည်။

သို့ဖြင့် အစဉ်အတိုင်းချီရာ လမ်း၌ အဆီးအတား မရှိဘဲ ရွှေမော်ဓောစေတီသို့ ရောက်ရှိတော်မူသည်။ ကျော်ထင်နော်ရထာ က စေတီရင်ပြင်ပေါ်သို့ မတက်မီ သူရဲကောင်းငါးရာကို . . .

“သူရဲကောင်းများက ရွှေမော်ဓောစေတီတော်ကို အထပ်ထပ်ဝန်းရံ၍ တားကြရမည်။ ကိုယ့်တာဝန်နှင့်ကိုယ် လှုံခြုံစေရမည်။ နားထွင်းမင်္ဂလာပြုတော်မူနေခိုက်တွင် မည်သူတစ်ဦးမျှ စေတီတော်ပေါ်သို့ တက်မလာစေနှင့်။ မွန်ဘုရင်ကြားသိ၍ စစ်သည်အင်အားနှင့်ချီတက်လာလျင်လည်း နိုင်အောင်ဆီးဆို့ခုခံကြရမည်။ ရွှေနန်းတော်ရှင်မင်းတရား နားထွင်းတော်မူခိုက်မှာ မင်္ဂလာတော်ကြီး ပျက်ဆီးအောင် အနှောက်အယှက် မရှိစေရ။ ရွှေခွက်ဆွဲရဲဗိုလ်များဖြစ်ကြသည့်အတိုင်း အရှင့်အကျိုးကို ထိထိရောက်ရောက်ဆောင်ရွက်ကြရမည်” ဟု အမိန့်ပေးသည်။

တပင်ရွှေထီး၊ ကျော်ထင်နော်ရထာနှင့် အမတ်ပုဏ္ဏားတို့က စေတီတော်ရင်ပြင်တော်ပေါ်သို့တက်ကြရာ စေတီတော်ရှိ မွန်တို့မြင်လျှင် အလွန်ကြောက်လန့်တုန်လှုပ်ကြလျက် ဦးခိုက်ဝပ်တွားကြသည်။ တပင်ရွှေထီးသည် ရွှေမော်ဓောစေတီတော်ကို လက်အုပ်ချီဦးထိပ်မိုးလျက် လက်ျာရစ်သုံးပတ် လှည့်တော်မူသည်။ မွေးနံတော်သီရိအရပ်ဖြစ်သည့် အင်္ဂါထောင့်သို့ရောက်လျှင် တန့်ရပ်တော်မူပြီး၊ ထိုအင်္ဂါထောင့်၌ ပုဏ္ဏားတော်များနှင့် နားထွင်းမင်္ဂလာသဘင် ဆင်ယင်တော်မူသည်။

ကေတုမတီဘုရင် တပင်ရွှေထီးက သူရဲကောင်းများခြံရံလျက် ရွှေမော်ဓောစေတီတော်သို့ ရောက်ရှိလာကာ နားထွင်းမင်္ဂလာပြုတော်မူသည့် သတင်း ဟံသာဝတီဘုရင် သုရှင်တကာရွတ်ပိ ကြားသိ လိုက်သောအခါ မိမိပိုင်နယ်မြေသို့ ကျူးကျော်စော်ကားမှုအတွက် ဒေါသမာန်ပွားရတော့သည်။

“မှူးတော်မတ်တော်များ . . ကေတုမတီဘုရင်တပင်ရွှေထီးသည် ငါ၏နိုင်ငံပိုင်နက်သို့ ဝင်ရောက်လာကာ ရွှေမော်ဓောစေတီတော်သို့ ဆိုက်ရောက်နေပြီဟု ကြားသိတော်မူရသည်။ ဤကိစ္စမှာ ငါ့အား ဂရုမထား၊ မလေးစားဘဲ ကျူးကျော်စော်ကားလိုက်ခြင်းသာဖြစ်သည်။ ထို့ကြောင့် ကျူးကျော်လာသူ တပင်ရွှေထီးကို အထိန်းတော်ကြီး ဗညားလောနှင့် ဗညားကျန်းတို့ကိုယ်တိုင် တပ်တော်များဦးစီးလျက် ချီတက်ဝန်းရံကာ လက်ရအရှင်ဖမ်းဆီးကြရမည်။ လက်မလွတ်စေနှင့်”
ဟု မိန့်ကြားတော်မူလိုက်ရာ အထိန်းတော် ဗညားလောနှင့် ဗညားကျန်းတို့လည်း မွန်တပ်များကို ချက်ချင်းဆင့်ဆိုကာ မြို့တော်မှ ထွက်၍ ရွှေမော်ဓောစေတီတော်ရှိရာသို့ ချီတက်လာကြသည်။

စေတီတော်ခြေရင်းမှ ကေတုမတီ သူရဲကောင်းများကို တွေ့ရသော အခါ ရှေ့ဆက်မချီဝံ့ဘဲ အဝေးမှသာ ဝန်းရံထားကြသည်။ (ထိုအချိန်က မွန်ဘုရင် သုရှင်တကာရွတ်ပိစံရာ ဟံသာဝတီနန်းမှာ ယခုလက်ရှိပဲခူးမြို့တည်ရာတွင် မဟုတ်ဘဲ၊ အနောက်တောင်တန်းတွင်ရှိသည်။ ယခု ပဲခူးမြို့တည်ရာနေရာကို တည်ခဲ့သည့်ဘုရင်မှာ ဘုရင့်နောင်ဖြစ်ပြီး ဟံသာဝတီနန်းသစ်နေရာဟု ဆိုရမည်။ သုရှင်တကာရွတ်ပိ လက်ထက်၌ ရွှေမော်ဓောစေတီမှာ ဟံသာဝတီနန်းအပြင်တွင် ရှိနေပြီး၊ ဘုရင့်နောင် နန်းသစ်တည်မှသာ နန်းမြို့အတွင်းသို့ ရောက်ရှိသွားခြင်းဖြစ်၏။)

စေတီတော်ခြေရင်းသို့ ရန်သူတပ်များဝန်ရံလာသည့်သတင်း ကြားသိကြရလျှင် အမတ်အချို့မှာ တုန်လှုပ်သွားကြသည်။ တပင်ရွှေထီးကမူ ထိုကိစ္စ ကို လုံးဝဂရုမထား။
“ရန်သူတပ်အား အရေးထားဂရုစိုက်ကြရန်မလို၊ ငါ၏ မင်္ဂလာတော်ကိုသာ ပြီးအောင်ဆောင်ရွက်ကြပြီးလျှင် ငါကိုယ်တော်တိုင် ရန်သူတပ်ကို ဖြိုဖျက်တော်မူမည်” ဟု ရဲရင့်စွာ မိန့်တော်မူသည်။

နားတော်ထွင်းပြီးသောအခါ ဆံတော်ကို ရှစ်ဦးဥသျှောင်အသစ်ထုံးခြင်းအမှုကို ပြုသည်။ မင်္ဂလာနှစ်ရပ်ပြီးစီးလျှင် ရွှေမော်ဓောစေတီတော်ကို ဦးခိုက်ကန်တော့ကာ ဆုတောင်းတော်မူသည်။
“တပည့်တော်သည် ငယ်စဉ်က ကြံရွယ်ရင်းရှိသည့်အတိုင်း အရှင်ဘုရား၏အရိပ်ကိုခို၍ နားထွင်းမင်္ဂလာတော်နှင့် ဥသျှောင်ထုံးမင်္ဂလာများကို အောင်မြင်စွာဆောင်ရွက်ပြီးမြောက်ခဲ့ရပါပြီ။ တပည့်တော်သည် မွန်သုံးရပ်ကို အုပ်စိုးနိုင်သည်ဖြစ်၍ ရွှေမော်ဓောအရှင်မြတ်အား အစဉ်မပြတ် ကိုးကွယ်ပူဇော်နိုင်သည့်ကိုယ် ဖြစ်ရပါလို၏ ဘုရား”

တပင်ရွှေထီးသည် ကိစ္စ များအားလုံး ပြီးမြောက်သည့်အခါ ရွှေမော်ဓောစေတီတော်ပေါ်မှ ပြန်၍ ဆင်းတော်မူပြီး၊ သတ္တရုဇေယျ မြင်းတော်ကိုစီးကာ လက်သုံးတော်ဓားကို ကိုင်လိုက်သည်။

ထို့နောက် . . .
“ငါကား တောင်ငူဘုရင် တပင်ရွှေထီး ဖြစ်သည်။ ငါနှင့်ဆိုင်၍ အဘယ်သူသည် စစ်ပြိုင်ဝံ့သနည်း၊ ကပ်ဝံ့က ကပ်ကြ” ဟု

ကြိမ်းတော်မူလိုက်ပြီးလျှင် မြင်းတော်ကို ဇက်ကုန်လွှတ်လျက် တစ်ဟုန်တည်းစိုင်းနင်းတော်မူသည်။ ကျော်ထင်နော်ရထာကလည်း တပင်ရွှေထီး၏ အပါးတော်မှ မခွာ။ မြင်းကို အတင်းနှင်၍ လိုက်သည်။ ကေတုမတီသူရဲကောင်းတို့စီးနင်းသည့် မြင်းငါးရာတို့ကလည်း တစ်ဟုန်တည်း အပြင်းနှင်ကြပြီး၊ ဘုရင်၏ နောက်တော်မှ လိုက်ကြလေ၏။ တပင်ရွှေထီးသည် မွန်တပ်များဝန်းရံထားသည့် နေရာကို အတင်းနင်၍ ထွက်တော်မူရာ မွန်စစ်သည်တို့ ကြောက်လန့်တကြားဖြစ်ကြကာ ဖရိုဖရဲဖြစ်ပြီး ရှောင်၍ ပေးလိုက်ကြရသည်။

သို့အားဖြင့် တပင်ရွှေထီးသည် မိမိဆန္ဒတော်များ အောင်မြင်တော်မူပြီးလျှင် နောက်ပါ သူရဲကောင်း ငါးရာတို့နှင့် အတူ ကေတုမတီ နေပြည်တော်သို့ ပြန်လည်ရောက်ရှိတော်မူလေသည်

ဆက်ရန်
စာရေးသူ ကိုဟိန်းဇေ

တပင်ရွှေထီး ဘုရင့်နောင်နှင့် ဒုတိယမြန်မာနိုင်ငံတော် (အပိုင်း - ၃)

သခင်ကြီးမင်းသမီးကား တပင်ရွှေထီးနှင့် ခမည်းတော်တူ မယ်တော်ကွဲ မောင်နှမတော် ဖြစ်သည်။ တပင်ရွှေထီး၏ အစ်မတော်ဖြစ်ပြီး၊ မယ်တော်မှာ မိုးဗြဲစားသမီးတော် ခင်နွယ် ဖြစ်သည်။ ရှင်ရဲထွတ်နှင့် အသက်အရွယ်မတိမ်မယိမ်းဖြစ်ကာ ကစားဖော်ကစားဖက် ဖြစ်ခဲ့သည်။ ငယ်စဉ်ကာလကပင် ရှင်ရဲထွတ်နှင့် တစ်ဦးပေါ်တစ်ဦး သံယောဇဉ်တွယ်တာမှုများ နှောင်ဖွဲ့လာမိခဲ့ကြသည်။

အချစ်စိတ်က ဖုံးလွှမ်းကာဆီးထားသဖြင့် ရှင်ရဲထွတ်မှာ ဘုရင့်သမီးတော်အား ချစ်မိမှားသည့်အတွက် ကျရောက်လာမည့် ရာဇဝတ်ဘေးကိုလည်း မတွေးမမြင်နိုင်တော့ပေ။ ထိုကိစ္စကို သခင်ကြီး၏ မယ်တော် သိရှိသွားပြီးနောက် မယ်တော်ဖြစ်သူမှတဆင့် ဖခမည်းတော် မင်းကြီးညို၏ ရွှေနားတော်သို့ ပေါက်ကြားသွားရတော့သည်။

ဘုရင်မင်းကြီးညိုမှာ ဒေါသအမျက်သို့ ပြင်းစွာ ဖြစ်ရတော့သည်။
“မိုက်လိုက်လေ ငထွတ်ငယ်၊ ငမိုက်သား ငထွတ်ငယ်အား ဖမ်းဆီးကြစေ”

ယင်းအမိန့်တော်ထုတ်ပြန်ချက်ကို ကြားသိလိုက်ရချိန်တွင် သခင်ကြီးမှာ ရှင်ရဲထွတ်အတွက် ကြီးစွာသော စိုးရိမ်ပူပန်မှုတို့ကို ခံစားရပြီး ရှင်ရဲထွတ်အား အကြောင်းကြားစေကာ ရှောင်ပြေးခိုင်းသည်။ သို့သော် ရှင်ရဲထွတ်က မပြေး။

ရှင်ရဲထွတ်၏ သတ္တိကား အံ့ဖွယ်ရှိလှပေစွ။ သံမဏိစိတ်ဓာတ်ဟု ဆိုရလိမ့်မည်။ ဤလောကတွင် မိမိအနေနှင့်အကြီးမြတ်ဆုံးဘဝကို မရောက်ရှိပဲ မသေနိုင်သေးဟု မိမိကိုယ်ကို ယုံကြည်စိတ်ဖြင့် ဘုရင့်ရှေ့တော်မှောက်သို့ ဝင်ရောက်ကာ ရဲရဲဝံ့ဝံ့ရင်ဆိုင်မည်ဟု ဆုံးဖြတ်လိုက်၏။

“ဘုန်းတော်ကြောင့် အရှင်မင်းကြီး ချမှတ်တော်မူသည့် ရာဇဝတ်အပြစ်ဒဏ်ကို ခံယူရန်အတွက် လာရောက်ရခြင်း ဖြစ်ပါသည်”

မင်းကြီးညိုမှာ ရှင်ရဲထွတ်လျှောက်တင်ချက်ကြောင့် တအံ့တသြဖြစ်ကာ
ရှင်ရဲထွတ်အပေါ် အထင်ကြီးစိတ်များ ဖြစ်ပေါ်တော်မူလာရသည်။
ကိုယ်တော်တိုင်ပင် လောကီပညာဗေဒင်အရာကို တတ်ကျွမ်းသည့် မင်းကြီးညိုသည် ရှင်ရဲထွတ်၏ဇာတာကိုယူ၍ သေချာစွာစစ်ဆေးလိုက်သည်။

“စန်းလဂ် အလွန်ကောင်းမွန်သည့် ထူးခြားရှားပါးလှသော ဇာတာပါတကား။ ရှင်ရဲထွတ်ကား သာမန်ဇာတာရှင်မဟုတ်။ ဤဇာတာအရ ရှင်ရဲထွတ်မှာ တစ်ချိန်တွင် ထီးဆောင်းမင်းဧကရာဇ်ပင် ဖြစ်နိုင်သည်။ သားတော် တပင်ရွှေထီးနှင့်လည်း ညီနောင်နွယ်ရင်းသဖွယ် အလွန်ချစ်ခင်ကြသည်။

တစ်ဖန် ကေတုမတီ(တောင်ငူ) သိုက်စာဟောင်းတွင်လည်း ‘ဆင်ဖြူသုံးစီး၊ ဘုန်းဘုန်းကြီး၊ နေမီး တန်ဆောင်ထွန်း လတ္တံ့။ နောက်ဆုံးဆင်ကြီး၊ စွယ်ရောင်ညီး၊ အမြီးရှည်သွယ်ဖား လတ္တံ့’ ဟု ပါရှိသည်။ ဆင်ဖြူသုံးစီးမှာ ဗုဒ္ဓဟူးနေ့ မင်းသုံးပါးတို့ ကေတုမတီနန်းတွင် စိုးစံမည့်အကြောင်း ဖြစ်သည်။ ငါသည် ဗုဒ္ဓဟူးသား၊ သားတော်သည် ဗုဒ္ဓဟူးသား၊ ရှင်ရဲထွတ်လည်း ဗုဒ္ဓဟူးသား၊ ဤသုံးဦးသာလျှင် ဆင်ဖြူသုံးစီးဖြစ်အံ့သည်။

ဤသို့ဆိုလျှင် ရှင်ရဲထွတ်သည် ‘နောက်ဆုံးဆင်ကြီး စွယ်ရောင်ညီး’ ဆိုသည့် အတိတ်နိမိတ်ရသူ ဖြစ်ပေလိမ့်မည်။ သမီးတော်သခင်ကြီးသည်လည်း ရှင်ရဲထွတ်နှင့် သင့်မြတ်ခြင်းဖြင့် မိဖုရားကြီးအရာကို ရနိုင်သည်။ ရှင်ရဲထွတ်မှာ တောင်ခမင်းကြီး၏ မြေးတော်ဖြစ်သဖြင့်လည်း အမျိုးညံ့သည်ဟု ဆို၍မရ။ ငါနတ်ရွာစံလျှင်လည်း ငါ့သားတော်မှာ တစ်ပါးတည်းကျန်ရှိခဲ့မည်။ ထိုအခါ ညီနောင်နွယ်ရင်းသဖွယ်ဖြစ်သည့် ရှင်ရဲထွတ်ကို အနီးတွင်ထားကာ လက်ရုံးသဖွယ် အားကိုးမှု ပြုရလိမ့်မည်။ ရှင်ရဲထွတ်သည် ငါ့သားတော်အပေါ်တွင်လည်း ငါ့သားတော် သက်ရှိထင်ရှားရှိနေသမျှ သစ္စာရှိမည့်သူပင် ဖြစ်လိမ့်မည်” ဟု မင်းကြီးညို မျှော်တွေးတော်မူသည်။ သို့အားဖြင့် ရှင်ရဲထွတ်မှာ အသက်ပင်ဆုံးနိုင်သည့်ရာဇဝတ်တော်ဘေးမှ လွတ်ကင်းသွားရတော့သည်။

တပင်ရွှေထီး တောင်ငူထီးနန်းကို စိုးစံတော်မူခြင်း

ကေတုမတီ (တောင်ငူ)မြို့တည်နန်းတည် ဘုရင်မင်းကြီးညိုသည် နန်းစံနှစ် (၄၆)နှစ်၊ သက်တော် (၇၂) နှစ်၊ သက္ကရာဇ် (၈၉၂)ခု၊ နတ်တော်လဆန်း (၅)ရက်နေ့တွင် နတ်ရွာစံတော်မူသည်။

မင်းကြီးညိုကား အင်းဝနိုင်ငံတော် လက်အောက်မှ လွတ်မြောက်အောင် ကြိုးစားကာ မြို့သစ်နန်းသစ်တည်ပြီး လွတ်လပ်စွာ သီးခြားစိုးစံတော်မူသော မင်းဖြစ်သည်။ မင်းကြီးညိုတည်ထောင်တော်မူခဲ့သော ကေတုမတီ(တောင်ငူ) ရွှေမြို့တော်ကြီးကား မြန်မာနိုင်ငံ ၏ ဗဟိုချက်မသဖွယ်လည်းဖြစ်သည်။ မြို့ခင်းမြို့နေ အလွန်ပြန့်ပြူးသာယာလှသည်။ မြေသြဇာလည်း အလွန်ကောင်းသည်။ မြို့တော်၏ ဝန်းကျင်မှာလည်း မြစ်ချောင်း၊ တောတောင်၊ သစ်ပင်တို့ဖြင့် ဝန်းရံကာ စိမ်းလန်းစိုပြေနေသည်။

မြို့တော်တွင် ထင်ရှားသည့် မြတ်စောညီနောင်ဘုရား၊ မြထီးတင်ခေါ်သည့် ကန်းနီဘုရား၊ ရှင်ပင်ကျောက်ဆောက်ဘုရား၊ မြင်ပုန်းမြင်တင်ဘုရား၊ ဆံတော်ဘုရား၊ စည်းခုံဘုရားနှင့် အခြားတန်ခိုးကြီးဘုရားများသည်လည်း တည်ရှိကြ၏။ အာသာဝတီခေါ်သော ပေါင်းလောင်းမြစ်၊ ခပေါင်းချောင်းကြီးတို့ဖြင့် မြို့တော်၏အလှကို တန်ဆာဆင်လျက်ရှိ၏။

ယခုသော် ကေတုမတီ ရွှေနန်းတည် ရွှေမြို့တော်သည် ဘုရင်မင်းကြီးညိုကား နတ်ရွာစံတော်မူလေပြီ။ ထို့ကြောင့် ကေသုမတီ ထီးနန်းကို စိုးစံရန်အတွက် မှူးကြီးမတ်ရာ သေနာပတိအပေါင်းတို့က မင်းကြီးညို အလွန်အားထားတော်မူသည့် မင်းကြီးညို၏ တစ်ပါးတည်းသော သားတော်ရတနာ တပင်ရွှေထီးကို မင်းအဖြစ်တင်မြှောက်လိုက်ကြလေသည်။ ထို့ကြောင့် သက်တော် (၁၅)နှစ်၊ သက္ကရာဇ် (၈၉၂)ခု၊ နတ်တော်လဆန်း (၅)ရက်၊ ကြာသာပတေးနေ့တွင် တပင်ရွှေထီးသည် မင်းအဖြစ်သို့ရောက်ရှိတော်မူ ခဲ့ပြီး၊ ကေတုမတီ တောင်ငူနန်းကို စိုးစံအုပ်ချုပ်တော်မူသည်။

တပင်ရွှေထီးကား ရှင်ရဲထွတ်ကို ညီနောင်နွယ်ရင်းသဖွယ် အလွန်ချစ်ခင်တော်မူသကဲ့သို့၊ ယုံလည်းယုံကြည်၊ အားလည်းထားတော်မူသည်။ ထို့ကြောင့် မင်းဖြစ်လာသောအခါ ရှင်ရဲထွတ်ကို ‘ကျော်ထင်နော်ရထာ’ ဟူသော ဘွဲ့မည်နှင်း၍၊ အိမ်ရှေ့စံအရာသဖွယ် ထားတော်မူသည်။ (အိမ်ရှေ့စံဟူ၍ အတိအကျအပ်နှင်းခြင်းမဟုတ်။) ရှင်ရဲထွတ်၏ ညီမတော် ခင်ဘုန်းကိုလည်း မိဖုရားမြှောက်တော်မူသည်။

တပင်ရွှေထီး၏ အဓိက မိဖုရားနှစ်ပါးမှာ တပင်ရွှေထီးနှင့် ငယ်ရွယ်စဉ်ကပင် သံယောဇဉ်နှောင်တွယ်ရစ်ခဲ့ကြသည့် ခင်ဘုန်းနှင့် အထိန်းတော် သတိုးဓမ္မရာဇာဘွဲ့ခံ ရှင်နီတာ၏ သမီးတော် ခင်မြတ်တို့ပင် ဖြစ်သည်။

ထို့ပြင် မိမိအရွယ်ငယ်စဉ်မှစလျက် ယခု မင်းအဖြစ်သို့ ရောက်ရှိလာသည့်တိုင်အောင် ကျေးဇူး အထူးရှိသူတို့အားလည်း ဘွဲ့ထူး၊ ဂုဏ်ထူး၊ အဆောင်အယောင်ထူးတို့ဖြင့် ချီးမြှင့်မြှောက်စားတော်မူသည်။ ထိုသို့ မြှောက်စားတော်မူရာတွင် ရှင်ရဲထွတ်၏ ဖခင်အထိန်းတော်ကြီး မင်းကြီးဆွေမှာ ‘မင်းရဲသိင်္ခသူ’ ဟူသော ဘွဲ့မည်ဖြင့် ရာထူးစည်းစိမ် အဆောင်အယောင်တို့နှင့် ချီးမြှင့်မြှောက်စားခြင်း ခံရသည်။ (မင်းကြီးဆွေမှာ နောင်အခါ၌ တောင်ငူဘုရင်ခံ ဖြစ်လာ၏။)

တပင်ရွှေထီးသည် မင်းဖြစ်လာသည့်အခါ၌လည်း မင်းပွဲသဘင်၊ ညီလာခံပွဲသဘင်တို့မှတစ်ပါး ရှင်ရဲထွတ်ကို ငယ်စဉ်က ကဲ့သို့ပင် နောင်တော်ရင်းသဖွယ်ထားလျက် ချစ်ခင်ရင်းနှီးစွာ ဆက်ဆံတော်မူသည်။ တိုင်ပင်ရန်ကိစ္စများကိုလည်း ရှင်ရဲထွတ်နှင့်သာ တိုင်ပင်တော်မူသည်။

စစ်မှုရေးရာအလုံးစုံတို့တွင်လည်း ရှင်ရဲထွတ်ကိုသာ လွှဲပုံအပ်နှင်းတော်မူသည်။ ကျော်ထင်နော်ရထာဘွဲ့ဖြင့် ထင်ရှားလာသော ရှင်ရဲထွတ်ကလည်း ပင်ကိုမူလ ပဋိသန္ဓေဓာတ်ခံသန့်စင်သည့် ပုဂ္ဂိုလ်ဖြစ်သောကြောင့် တပင်ရွှေထီးနေရာပေးကာ လုပ်ပိုင်ခွင့်အာဏာ လွဲပုံထားပါသော်လည်း စိတ်ထားတက်ကြွဖောက်ပြန်မောက်မာခြင်းမရှိ။ တည်ကြည်ခိုင်မာသည့် စိတ်ဓာတ်ဖြင့် ယခင်နေမြဲအတိုင်းပင် မပြောင်းမလဲဘဲ က္ကုနြေ္ဒရစွာ နေသည်။

တပင်ရွှေထီးအပေါ်မှာလည်း အလွန်သစ္စာရှိစွာဖြင့် ရှေးကမေတ္တာ အတိုင်းပင် ဘုရင့်အကျိုးကိုသာများစွာလိုလားသော စိတ်ဖြင့် အမှုတော်အမျိုးမျိုးကို သက်စွန့်ကြိုးပမ်းထမ်းရွက်ခဲ့သည်။ (နောင်တွင် ဘုရင့်နောင်ဟု မြန်မာ့သမိုင်းတွင်အထင်ရှားဆုံးဖြစ်လာမည့် ရှင်ရဲထွတ်၏ စိတ်နေသဘောထားကား အတုယူဖွယ်ကောင်းလေစွ။ သစ္စာတော်ခံ သစ္စာတော်ကြီးသည့် နေရာတွင် အာဏာရမ္မက်၊ လောဘမဖက်သည့် တုပြိုင်နိုင်သူမရှိ၊ အဓိပတိပုဂ္ဂိုလ် ဖြစ်သဖြင့် အလွန်အားကျ ချီးကျူးရမည့် ပုဂ္ဂိုလ်ဟု ဆိုရပါမည်။)

ထို့နောက် တပင်ရွှေထီးသည် ရှင်ရဲထွတ်နှင့် အစ်မတော်သခင်ကြီးတို့၏ သံယောဇဉ်မေတ္တာတော်ကို သိထားတော်မူပြီး ဖြစ်သဖြင့် နောင်တော်ရှင်ရဲထွတ်နှင့် အစ်မတော် သခင်ကြီးတို့ကို လက်ထပ်မင်္ဂလာပွဲသဘင် ဆင်ယင်ကျင်းပ ပေးတော်မူသည်။ ဤသို့ တပင်ရွှေထီးက နှစ်လိုလက်ခံ လက်ထပ်မင်္ဂလာသဘင်ကို ဆင်ယင်ပေးသဖြင့် ကေတုမတီ ပြည်သူပြည်သားတို့မှာ အထူးပင် ကျေနပ်ဝမ်းမြှောက်ခြင်း ဖြစ်ကြရသည်။
 
 ဆက်ရန်
စာရေးသူ ကိုဟိန်းဇေ

တပင်ရွှေထီး ဘုရင့်နောင်နှင့် ဒုတိယမြန်မာနိုင်ငံတော် (အပိုင်း - ၂)

သမိုင်းထင်ရှား ဖြောင့်မတ်သည့်မင်းနှစ်ပါး
 
‘မင်းတရားရွှေထီး’ ဟုလည်း သိရှိကြသည့် တပင်ရွှေထီးကား လက်ရုံးရည်၊ နှလုံးရည် ဘုန်းသမ္ဘာတို့နှင့် ပြည့်စုံသော မြန်မာ့သမိုင်းတွင် ထင်ရှားကျော်ကြားသည့် မင်းကောင်းမင်းမြတ်တစ်ပါးပင် ဖြစ်သည်။ စိတ်ထားဖြူစင်မြင့်မြတ်ပြီး အာဇာနည်ယောက်ျားကောင်း ယောက်ျားမြတ်ဖြစ်သော ထိုမင်းလက်ထက်တွင် ရန်သူ့ နယ်မြေ ဖြစ်သည့် ရွှေမော်ဓောစေတီတော်၌ နားထွင်းမင်္ဂလာ ဆင်ယင်ကျင်းပခြင်း၊ ဖောင်ဖျက်နွှဲခဲ့သည့် ဘုရင့်နောင်၏ နောင်ရိုးတိုက်ပွဲ၊ ယိုးဒယားကို ချီတက်၍ အနိုင်တိုက်ကာ မြန်မာတို့၏ သတ္တိသွေးကို ပြခြင်းအပါအဝင် သမိုင်းကို လေ့လာလိုသူများအတွက် စိတ်ဝင်စားဖွယ် သမိုင်းဖြစ်ရပ်များစွာ ပေါ်ပေါက်ခဲ့သည်။

ဆိုရလျှင် တပင်ရွှေထီးဟု ရေးလိုက်သည်နှင့် ဘုရင့်နောင်ပါလာရမည်ဖြစ်သလို ဘုရင့်နောင်အကြောင်း ရေးရမည်ဆိုလျှင်လည်း တပင်ရွှေထီးပါ ပါလာရတော့မည်ဖြစ်သည်။ ထိုမင်းနှစ်ပါးကို ခွဲ၍မရ၊ ငယ်စဉ်ကလေးဘဝမှစ၍ ညီနောင်နွယ်ရင်းများထက်ပင် တစ်ဦးနှင့်တစ်ဦး ချစ်ခင်ကြသူများဟု ဆိုရမည်။ မင်းနှစ်ပါးစလုံးက သမိုင်းတွင် ရှားရှားပါးပါးဆိုရလောက်အောင် အလွန်ဖြောင့်မတ် ကြသည်။ တည်ကြည်ပြီး စိတ်သဘောထား အလွန်ပြည့်ဝကြသည်။ ဘုရင့်နောင်ကလည်း ယောက်ျားကောင်း ယောက်ျားမြတ် ဖြစ်သည့်အတိုင်း တပင်ရွှေထီးအပေါ်တွင် အလွန်သစ္စာရှိခဲ့သည်။

မြန်မာ့သမိုင်းတွင် အာဏာပလ္လင်အတွက် သားက အဖသတ်၊ ညီက အစ်ကိုသတ်၊ အစ်ကိုက ညီသတ်ဖြင့် တစ်ဦးနှင့်တစ်ဦး ယုတ်မာကောက်ကျစ်ရက်စက်မှုများက ကုန်းဘောင်ခေတ် မြန်မာ့နောက်ဆုံးမင်းဆက်ထိအောင် ရှိခဲ့သော်လည်း တပင်ရွှေထီးမင်းနှင့် ဘုရင့်နောင်မင်းတို့ကား သမိုင်းတွင်အပြစ်ဆိုစရာမရှိအောင် အညစ်အစွန်းကင်းစွာ စိတ်ရင်းပြည့်ဝ နှလုံးလှခဲ့ကြသဖြင့် သမိုင်းထင်ရှား ဖြောင့်မတ်သည့် မင်းနှစ်ပါးဟု ဆိုရလိမ့်မည်ဖြစ်သည်။

တပင်ရွှေထီးကို ဖွားမြင်ခြင်း


မြန်မာ့သမိုင်းတွင် မင်းတရားရွှေထီးဟုလည်း သိရှိခဲ့ကြသည့် တပင်ရွှေထီးသည် တောင်ငူမင်းစဉ် (၂၉) ဆက်မြောက် ဖြစ်သည့် ကေတုမတီ တောင်ငူဘုရင်မင်းကြီးညို၏ သားတော် ဖြစ်သည်။ မင်းကြီးညိုသည် သက္ကရာဇ် (၈၄၇) ခုတွင် ကေတုမတီ တောင်ငူထီးနန်းကို စိုးစံခဲ့ပြီး နန်းစံသက်မှာ (၄၅) နှစ်ဖြစ်ကာ၊ ယခု တောင်ငူမြို့ကို တည်ခဲ့သောမင်း ဖြစ်သည်။

မင်းကြီးညို ပထမစံတော်မူသည့် မြို့မှာ ဒွါရာဝတီဖြစ်ပြီး၊ မြို့မှာ ကျည်းသည်။ ပေါင်းလောင်းမြစ်နှင့် ခပေါင်းချောင်းများမှ မြို့တော်နှင့် နီးကပ်လျက်ရှိသည့်အတွက် ဗိုလ်ပါ၊ ဆင်မြင်းတို့မှာ မလွန့်သာအောင် ရှိကြရသည်။ သို့ဖြစ်၍ နေရာသစ်ကို ရှာဖွေကာ တောင်ငူကို မြို့တည်စိုးစံခဲ့ခြင်း ဖြစ်သည်။
တောင်ငူကို သက္ကရာဇ် (၈၇၂)ခုတွင် တည်သည်။ တိကျစွာရေးရမည်ဆိုလျှင် သက္ကရာဇ် (၈၇၂) ခု၊ တန်ဆောင်မုန်းလပြည့်၊ အင်္ဂါနေ့နံနက် နှစ်ချက်တီးအချိန်တွင် တည်သည်။ မြို့တော်သည် မြန်မာနိုင်ငံ၏ အချက်အချာဖြစ်သော ဗဟိုမဏ္ဍိုင်၌တည်၍ မြောက်အရပ်၌ ဆွာချောင်း၊ အရှေ့အရပ်၌ ပေါင်းလောင်းမြစ်နှင့် မြတ်စောညီနောင် တောတန်း၊ တောင်အရပ်၌ ခပေါင်းချောင်း၊ အနောက်အရပ်၌ မင်းဝံတောင်တန်းကြီးများ ကာဆီးပိတ်တန်းလျက်ရှိကာ အလွန်သာယာပြီး စိမ်းလန်းစိုပြည်သည့် နေရာပင်ဖြစ်သည်။ မြို့တော်တွင်း၌ လေးကျွန်းတန်ဆောင်ဟုခေါ်သည့် ကြာအင်းကြီး ရှိသည်။
တောင်ငူရွှေနန်းတည် မင်းကြီးညိုကား ဘုန်းသမ္ဘာနှင့် ပြည့်စုံပြီး မြန်မာ့သမိုင်းတွင်ထင်ရှားသည့် မင်းတစ်ပါးဖြစ်သည်။ မျိုးရိုးစဉ်ကို ကြည့်လျှင် မြင်စိုင်းငါးစီးရှင်ကျော်စွာ (သက္ကရာဇ် ၇၀၄-၇၁၂) မှ စဉ်ဆက်လာသည့် သရေသင်္ခယာ၏ သားတော် မဟာသင်္ခယာနှင့် တောင်ငူရွှေနန်း (၂၇) မြောက် စည်သူကျော်ထင်မင်း၏ သမီးတော် မင်းလှညက်တို့ စုံဖက်ရာမှ ဖွားမြင်လာသည့်မင်း ဖြစ်သည်။
သက္ကရာဇ် (၈၇၆) တွင် မင်းကြီးညိုသည် တပင်ရွှေထီး၏ မယ်တော်ဖြစ်သည့် ခင်ဦးနှင့် ဖူးစာရေစက် အကြောင်းဆက်၍ ပေါင်းဖက်ရန် ဖန်လာခဲ့သည်။ ထိုနှစ်တွင် မိုးကြီးများ နေ့ညမစဲ သည်းထန်စွာ ရွာသွန်းသဖြင့် နိုင်ငံတော် တခွင်တွင် ရေကြီးကာ ကန်တော်၊ ဆည်တော်များ ကျိုးပေါက်ခြင်း ဖြစ်ရလေသည်။ ကျိုးပေါက်သည့် ကန်တော်၊ ဆည်တော်များတွင် ငနွယ်ကုန်း (ပဲနွယ်ကုန်း) အနီးရှိ ဆင်အုံကန်တော်ကြီးမှာ အခြေအနေအဆိုးဆုံးဖြစ်သဖြင့် မင်းကြီးညိုသည် ထိုကန်တော်ရှိရာသို့ ဆင်မြင်း၊ ဗိုလ်ပါရံကာ ကိုယ်တော်တိုင် ဆည်ဖို့ရန်ထွက်ကြွတော်မူသည်
ဝါးနွယ်ကုန်းမြို့သူကြီး သူရကျော်ခိုင်၏ သမီးမှာ ခင်ဦးဖြစ်သည်။ တင့်တယ်ပြေပြစ်လှပသည့် ရုပ်ဆင်းသွင်ပြင် လက္ခဏာနှင့် ပြည့်စုံသော ဝါးနွယ်ကုန်းမြို့တော်၏ ကျက်သရေဆောင် အလှပိုင်ရှင်လေးဖြစ်ကာ ကောင်းသတင်းတို့နှင့် ပြည့်စုံသည်။ ဗဟိဒ္ဓအဆင်းတွင်သာမက၊ အဇ္စုတ္တအတွင်း နှလုံးအချင်းကပါ လှပသဖြင့် စိတ်ရင်းဖြူစင်လျက် မြတ်သောကောင်းမှု တို့ကို ပြုသူ ဖြစ်သည်။
မင်းကြီးညိုသည် ဆင်အုံကန်တော်ကို ဆည်ဖို့တော်မူရန် ရွှေဝေါတော်ဖြင့် ထွက်ကြွခဲ့ရာ ကန်တော်ကိုဆည်ရာ၌ ပါဝင်ကြသည့် ပြည်သူပြည်သားများထဲ၌ ဝါးနွယ်ကုန်းသူကြီးသမီး ခင်ဦးလည်း ပါဝင်ခဲ့သည်။ မင်းကြီးညိုသည် ကန်တော်ကို ဆည်ဖို့သူများအား ရှုစားတော်မူစဉ် ရုပ်ဆင်းပြင်လျာ ကောင်းခြင်းတို့၏ လက္ခဏာနှင့် ပြည့်စုံသည့် ခင်ဦးကို မြင်တော်မူ မိသည်။ မြင်တော်မူလျှင် မူခြင်းပင် မင်းကြီးညိုမှာ ခင်ဦးအပေါ် ထိန်းချုပ်မနိုင်အောင် မြတ်နိုး တပ်မက်ခြင်း ဖြစ်ရသည်။
ထို့ကြောင့် ဆင်အုံကန်တော်ကို ဆည်ဖို့တော်မူသည့်အရေးကိစ္စပြီးသည်တွင် ခင်ဦးကို ကောက်တော်မူကာ နေပြည်တော်သို့ ပြန်လည် ကြွချီသည်။ ရွှေနန်းတော်အရောက်တွင် အပါးတော်၌ ထားကာ မြတ်နိုးစွာဖြင့် မြှောက်စားတော်မူသည်။ ဝါးနွယ်ကုန်းသူကြီးသမီး ခင်ဦးကို ကောက်တော်မမူမီက မင်းကြီးညိုတွင် ထင်ရှားသော မိဖုရားကြီး လေးပါး ရှိပြီးဖြစ်သည်။
ထိုမိဖုရားများမှာ . . .
ဦးရီးတော် တောင်ငူဘုရင် စည်သူငယ်၏ သမီးတော်ဖြစ်သည့် မိဖုရားခေါင်ကြီး စိုးမင်းထိပ်တင်။

သတိုးဓမ္မရာဇာ၏ သမီးတော် မင်းလှထွတ်။
မိုးဗြဲစော်ဘွား၏ သမီးတော် ခင်နွယ် နှင့်
ဝတီမိဖုရား တို့ဖြစ်သည်။

မင်းကြီးညိုသည် ခင်ဦးကို အလွန်ချစ်မြတ်နိုးတော်မူသဖြင့် မိမိအပါးတော်တွင်သာ ထားသည်။ ယုံကြည်တော်မူသဖြင့် မင်းကြီးညို စက်တော်ခေါ်လျှင် အပါးတော်မှ ခင်ဦးက ယက်လေဆက်သွင်းရသည်။

ထို့နောက် ခင်ဦးတွင် ပဋိသန္ဓေရှိလာသည်။ ထိုသို့ ပဋိသန္ဓေရှိလာပြီး သုံးလကြာသည့်အခါ ခင်ဦးတွင် မကြုံစဖူး ချင်ခြင်း ဖြစ်ပေါ်လာသည်။ ထိုချင်ခြင်းမှာ မွန်တို့၏ဌာနေ ဟံသာဝတီ (ပဲခူး) တွင် ရှိသည့် မြေစေးနှင့် သရေခေတ္တရာ (ပြည်) နဝင်းချောင်း မှ ရေအေးကို သောက်သုံးလိုသည့် ဆန္ဒ ဖြစ်သည်။
မင်းကြီးညိုသည် ခင်ဦး၏အလိုတော် ချင်ခြင်းပြည့်ဝစေရန် ဟံသာဝတီမှ မြေစေကိုလည်းကောင်း၊ သရေခေတ္တရာ နဝင်းချောင်းမှ ရေအေးကို လည်းကောင်း လုပ်ရည်ကြံရည်ဖြင့် ပြည့်စုံသော သူရဲကောင်းများကို ယူဆောင်စေကာ ခင်ဦးအား စားသုံးစေသည်။ ပဋိသန္ဓေရှိစဉ် ခင်ဦးမှာ ထူးခြားသော အိပ်မက်များကိုလည်း မြင်မက်ခဲ့သဖြင့် မင်းကြီးညိုကို လျှောက်တင်ခဲ့သည်။
“သံတော်ဦးတင်ပါသည်ဘုရား၊ ကျွန်တော်မျိုးသည် အရှင့်အား ယပ်လေဆက်သွင်းနေစဉ် ငိုက်မျဉ်းလာသဖြင့် အရှင့်ခြေတော်ကို ဖက်ကာ အိပ်စက်မိပါသည်ဘုရား”

“ကဲ . . . ဆက်၍လျှောက်တင်ပါဦး”
“ထိုသို့ အိပ်မက်စဉ် ရောင်ခြည်တစ်ထောင် အလင်းဆောင်သည့် ရှင်နေမင်းသည် ကောင်းကင်ယံ၌ လှည့်ပတ်သွားလာနေရာမှ ဤရွှေနန်းတော်ရှိရာသို့ သက်ဆင်း၍ လာပြီးလျှင် ဘုရားကျွန်တော်မျိုးမ၏ ဝမ်းဗိုက်အတွင်းသို့ အတင်းခွဲ၍ ဝင်လာပါသည်ဘုရား”
မင်းကြီးညိုမှာ လောကီပညာ၊ ဗေဒင်ယတြာမှစ၍ အိပ်မက်တိတ္တုံအရာတို့တွင် တတ်သိပြည့်စုံသော မင်းဖြစ်သဖြင့်၊ ယခု ခင်ဦး၏ အိပ်မက်အလိုကိုထောက်လျှင် လက်ရုံးရည်၊ နှလုံးရည်၊ ဘုန်းသမ္ဘာတို့ဖြင့် ပြည့်စုံမည့် သားတော်ရတနာတစ်ပါးကို ခင်ဦးမှ ဖွားမြောက်လာမည်ဟု မြင်တော်မူသည်။ မင်းကြီးညိုမှာ မိမိ၏ ထီးညှောက်နန်းနွယ်အဖြစ်ထားတော်မူရန် သားတော်ရတနာကို ချင်ခြင်းဖြစ်တော်မူနေသည်မှာ ကြာပြီဖြစ်သည်။ မိဖုရားကြီးလေးပါးမှလည်း သားတော် ဖွားမြင်နိုင်ခြင်းမရှိကြသေး။ ယခုတော့ မိမိဆန္ဒပြည့်ဝရန် ဖန်လာပြီဟုတွေးကာ ပျော်ရွှင်ချမ်းမြေ့တော်မူကာ ခင်ဦးကိုလည်း ရှေးကထက်ပင် မြတ်နိုးခြင်းဖြစ်တော်မူရလေသည်။

“ခင်ဥိးငဲ့ . . . ယခုမြင်မက်သည့် အိပ်မက်မှာ လက်ရုံးရည်၊ နှလုံးရည်၊ ဘုန်းသမ္ဘာတို့နှင့် ပြည့်စုံတော်မူသည့် သားတော်ကို ဖွားမြင်လာရန် ကြိုတင်ပြလာသည့် နိမိတ်တော်ဖြစ်သည်။ ယင်း ပဋိသန္ဓေနေလာသူတွင် နေကဲ့သို့ ဘုန်းကြီးမည်။ သားတော်အမှန်တကယ်ဖွားမြင်ခဲ့လျှင် အသင်ခင်ဦးအား မိဖုရားအရာသို့ မြှောက်တော်မူမည်”
မင်းကြီးညိုသည် သားတော်ရမည့်အရေးကို တွေးမျှော်ကာ ကိုယ်လုပ်တော်မျှသာရှိသည့် ခင်ဦးအား နှုတ်ကတိစကား ပေးတော်မူခဲ့သည်။
သို့ဖြင့် သက္ကရာဇ် (၈၇၈) ခု၊ ကဆုန်လပြည့်ကျော် (၁) ရက်၊ ဗုဒ္ဓဟူးနေ့သို့ ရောက်ရှိသည်တွင် ကေတုမတီမြို့တော်ကြီး၌ ထူးထူးခြားခြား မကြုံစဖူးသော အတိတ်နမိတ်တို့ ဖြစ်ပေါ်၍ လာလေသည်။
ယင်းနမိတ်တို့မှာ . . .
နေဝန်းမပေါ်ဘဲ အမိုက်တိုက်ကြီးစွာကျခြင်း။

အရပ်ရှစ်မျက်နှာမှ လေပြင်းမုန်တိုင်းတို့ တိုက်ခတ်လာကြခြင်း။
လျှပ်ပန်းတို့ ပြက်သန်းကာ လျှပ်စစ်လျှပ်နွယ်တို့ ထွန်းလင်းခြင်း။
ဥက္ကာများ ပျံသန်းခြင်း။
မိုးကြိုးတို့ ထစ်ချုန်းပစ်ချခြင်း။
မြေငလျှင် အကြိမ်ကြိမ်လှုပ်၍ တော်လဲသံကြီးများ ပေါ်လာခြင်း။
စစ်ဆင်အပေါင်းတို့ အသံကျိုးကျိုးကျည်ကျည် အော်ဟစ်ကြ၍ စစ်မြင်းများဟီကြခြင်း။
တောတောင်မြို့ရွာသို့ မီးလျှံကဲ့သို့ တောက်ခြင်း။
မိုးသည်းထန်စွာရွာ၍ ရှောက်သီးလုံးပမာဏကြီးသော မိုးသီးကြီးများ ရွာချခြင်းတို့ပင်ဖြစ်သည်။

၎င်းနောက် ထိုနေ့၌ မြန်မာနိုင်ငံ၏ သမိုင်းတွင် ထွန်းလင်းထင်ရှားကျော်ကြားသည့် သူရဲကောင်းအာဇာနည် မင်းမြတ်တစ်ပါးအဖြစ် မော်ကွန်းထိုးခဲ့ရသော တပင်ရွှေထီးကို ဖွားတော်မူခဲ့လေသည်။
မင်းကြီးညိုသည် ခင်ဦးမှ သားတော်ရတနာကို ဖွားမြင်တော်မူသည်ဟု ကြားလျှင်ကြားချင်းပင် ခင်ဦး၏ အဆောင်တော်သို့ ကြွချီတော်မူသည်။ မိမိ၏ ပထမဦးဆုံးသော ရင်သွေးငယ်မြတ်ကို ကိုယ်တော်တိုင် ပွေ့ပိုက်လျက် ရှုစားတော်မူသည်။ သားတော်၏ သန့်ပြန့်သောရုပ်ရည်၊ တည်ကြည်သည့် မျက်နှာနှင့် ရာဇရုပ်လက္ခဏာတော်တို့ကို ရှုမြင်ရသည့်အတွက် အလွန်ပင်ဝမ်းမြောက်ခြင်း ဖြစ်တော်မူရသည်။
ပို၍ထူးခြားသည်ကား အဆောင်တော်တွင်ရှိသည့် ရွှေတိုင်တော်၏ အလင်းရောင်တွင် သားတော်ထံမှ ထူးခြားသောလက္ခဏာကို တွေ့ရှိလိုက်ရခြင်းပင်။ ယင်းကား အခြားမဟုတ်။ သားတော်သည် မိမိကို ဖွားမြင်စဉ်က ကဲ့သို့ပင် ထူးထူးခြားခြား ဝင်ရိုးဖျားပမာဏရှိသည့် ရွှေရောင်တောက်ပနေသော ဆံပင်တော်တစ်ချောင်းပါရှိလာခြင်းပင် ဖြစ်သည်။ ထို့ပြင် သားတော်၏ လျှာ၌လည်း နက်မှောင်သည့် စက်လက္ခဏာအမည်းစက်များ ပါရှိလာသည်ကို အံ့သြဖွယ်တွေ့တော်မူရသည်။
(တပင်ရွှေထီး၏လျှာတွင် နက်မှောင်သော စက်လက္ခဏာပါရှိသည့်အတွက် ယိုးဒယား (ထိုင်း) ရာဇဝင်တို့၌ တပင်ရွှေထီးကို ‘လျှာနက်မင်း’ ဟု ဖော်ပြကြသည်။)
မင်းကြီးညိုသည် ဝမ်းမြောက်တော်မူစွာဖြင့် သားတော်ကို ပွေ့ပိုက်ထားရင်းမှ ဤသို့ မိန့်ကြားတော်မူသည်။

“ငါ၏သားတော်သည် အများနှင့်မတူ တစ်မူထူးခြားကြန်အင်လက္ခဏာတော်များနှင့် ပြည့်စုံလှပေသည်၊ ဇာတာတော်ကို စစ်ဆေးကြည့်သောအခါ၌လည်း ထူးခြားမွန်မြတ်လှပေသည်။ ငါကိုယ်တော်ထက်ပင် ဘုန်းသမ္ဘာကြီးမား၍ လက်ရုံးတော်အား စွမ်းထက်ပေလိမ့်မည်။ ငါ၏ဦးခေါင်းတော်တွင် ရွှေစင်ရောင်ရှိသော ထူးမြတ်သည့် ဆံတော်တစ်ပါးပါသကဲ့သို့ ငါ၏ သားတော်တွင်လည်း အလားတူ ဆံပင်တော်မြတ် ပါပေသည်။ ထို့ကြောင့် သားတော်၏ အမည်နာမတော်ကို တပင်ရွှေထီးဟု ဘွဲ့အမည်နှင်းအပ်မည်၊ မှတ်သားကြစေ”
သို့အားဖြင့် ထူးခြားလှသည့် လက္ခဏာတော်တို့နှင့် ပြည့်စုံသည့် သားတော်ရတနာမှာ ဖွားမြင်သည့် ညည့်၌ပင် ဖခမည်းတော် တောင်ငူရွှေနန်းရှင် မင်းကြီးညို အပ်နှင်းတော်မူသည့် မြန်မာ့သမိုင်းတွင် ထင်ရှားကျော်ကြားမည့် ‘တပင်ရွှေထီး’ ဟူသော ဘွဲ့အမည်တော်ကို ရရှိတော်မူခဲ့ပေသည်။

မင်းကြီးညိုသည် ထူးခြားသောအတိတ်နမိတ်၊ ထူးခြားသောလက္ခဏာတော်တို့ဖြင့် ဖွားမြင်လာသော သားရတနာတော်အတွက် လွန်စွာနှစ်သက်ဝမ်းမြောက်ခြင်း ဖြစ်ရသဖြင့် သားတော်အား ကြီးကျယ်ခမ်းနားလှသည့် မင်းခမ်းမင်းနားများ ကျင်းပဆင်ယင်ကာ ချီးမြှင့်မြှောက်စားတော်မူသည်။ ချက်ကြွေသောအခါ ပုခက်တင်မင်္ဂလာကို စီရင်တော်မူပြီး၊ ထိုပုခက်တင်မင်္ဂလာတွင်ပင် သားတော်ကို အိမ်ရှေ့ဥပစာအဖြစ် အပ်နှင်းတော်မူသည်။

ထို့နောက် အထိန်းတော်၊ အချီတော်များနှင့် နို့ထိန်းများကို ရွေးချယ်ခန့်ထားတော်မူသည်။ ဆင်ယာဉ်၊ မြင်းယာဉ်မှစ၍ စိုးပိုင်သမျှသော ဘဏ္ဍာတော်များကိုလည်း သားတော်အား အပ်နှင်းတော်မူသည်။ တစ်ဖန် ‘နေရောင်ပြနန်းတော်ရာသည် ဘူမိနက်သန်မှန်သည့် အောင်မြေ ဖြစ်သည်။ ထိုအောင်မြေရှိရာသို့ သွားရောက်၍ သားတော်ကို ဘိသိက်မြှောက်ရလျှင် ဘုန်းသမ္ဘာကြီးမြတ်ခြင်း ဧကန်ပင်ဖြစ်လိမ့်မည်’ ဟု ကြံစည်တွေးတောတော်မူပြီးလျှင် ထိုနေရောင်ပြ စံနန်းတော်သို့ သွားရောက်၍ သားတော်ကို ရတနာစုံအဖုံဖုံထက်သို့၌ တင်ကာ အဘိသေကမင်္ဂလာအခမ်းအနားကို ကျင်းပပြီးလျှင် ဘိသိက်မြှောက်တော်မူသည်။

ထို့နောက်မှ နေပြည်တော်ဝန်းကျင်ရှိ မိမိ၏သားတော်နှင့် သက်တူရွယ်တူမျှရှိသော ကလေးများမှ ဆွေကောင်းမျိုးကောင်း ရုပ်ဆင်းအင်္ဂါသဏ္ဍန်လက္ခဏာသွင်ပြင်ကောင်းသော ကလေးငယ်တစ်ထောင်ကို စီစစ်ရွေးချယ်လျှက် သားတော်၏ ဖွားဖက်တော်များအဖြစ် ခန့်ထားတော်မူရာ၊ ထိုကလေးများထဲတွင် နောင်တစ်ချိန်၌ ဘုရင့်နောင်အဖြစ်ထင်ရှားလာမည့် ရှင်ရဲထွတ်မှာ ဖွားဖက်တော်ချုပ် ဖြစ်လေသည်။

ထို့ပြင် မျိုးရိုးဇာတိ မြင့်မြတ်သူများမှ ရွေးခြယ်လျက် သားတော်အတွက် အထိန်းတော်ကြီး (၇)ဦး ကိုလည်း ခန့်ထားသည်။ ထိုအထိန်းတော်များမှာ မင်းယောက်ျား (၅)ဦး၊ မင်းမိန်းမ (၂)ဦး၊ ဖြစ်ပြီး၊ ထိုအထိန်းတော်များက သားတော်တပင်ရွှေထီးအား သူငယ်ဘဝမှစ၍ ကြီးပြင်းလာသည့်တိုင်အောင် မင်းရေးမင်းရာ၊ တိုင်းပြည်နိုင်ငံရေး၊ လောကီလောကုက္တရာဆိုင်ရာတို့၌ တတ်မြောက်လိမ္မာစေရန်နှင့် သားတော်၏ ကျန်းမာရေးအတွက်ပါ စောင့်ရှောက်ကြည့်ရှု အုပ်ထိန်းရသည့် တာဝန်များကို ယူကြရသည်။ ထိုအထိန်းတော်ကြီးများထဲတွင် ရှင်ရဲထွတ်၏ ဖခင် မင်းကြီးဆွေလည်း ပါဝင်သည်။ (မင်းကြီးဆွေသည် တပင်ရွှေထီး မင်းအဖြစ်သို့ ရောက်သောအခါ ‘မင်းရဲသင်္ခသူ’ ဟူသော ဘွဲ့အမည်ဖြင့် တောင်ငူဘုရင်ခံ ဖြစ်လာသည်။)

သားတော်အတွက် နို့ထိန်းခန့်တော်မူရာတွင်လည်း မင်းကြီးဆွ၏ဇနီး၊ ရှင်ရဲထွတ်၏ မိခင်မှာ နို့ထိန်းကြီးအဖြစ် ခန့်ထားခံရသည်။ မင်းကြီးညိုသည် သားတော်ကို အလွန်ချစ်တော်မူသကဲ့သို့ သားတော်၏မယ်တော် ခင်ဦးကိုလည်း အလွန်မြတ်နိုးတော်မူကာ ‘ရာဇဒေဝီ’ ဟူသော ဘွဲ့အမည်ဖြင့် မြောက်နန်းမိဖုရားအဖြစ် မြှောက်စားတော်မူသည်။

မြန်မာ့သမိုင်းတွင် ဘုရင့်နောင်အဖြစ် ကျော်ကြားလာမည့် ရှင်ရဲထွတ်


သက္ကရာဇ် (၈၇၇) ခု၊ တပို့တွဲလဆန်း (၁၂) ရက်၊ ဗုဒ္ဓဟူးနေ့တွင် ဖြစ်သည်။
ကေတုမတီမြို့သူမြို့သားများသည် ထိုနေ့တွင် ကြောက်မက်ဖွယ် တော်လဲသံကြီးကို ကြားလိုက်ရသဖြင့် အထိတ်တလန့် ဖြစ်ကုန်ကြရသည်။ တော်လဲသံကြီးနှင့်အတူ မြေငလျင် တို့ကပါ ပြင်းထန်စွာ လှုပ်လာသည်။ မြေငလျင်တို့မှာ ဆက်တိုက်ဆိုသကဲ့သို့ပင် အကြိမ်ကြိမ်လှုပ်နေသဖြင့် လူအားလုံးတို့မှာ စိုးရိမ်ပူပန်မှုတို့ ဖြစ်ကုန်ကြရသည်။ (ငလျင်လှုပ်သည့် အကြိမ်မှာ ခုနှစ်ကြိမ်ဖြစ်၏။)

ထိုသို့ ထူးခြားသောအတိတ်နိမိတ်များကိုပြသည့် ထိုနေ့မှာပင် မင်းကြီးဆွေနှင့် တုရွင်းတိုင်ရွာသူ ရှင်မျိုးမြတ်တို့မှ နောင်တွင် မြန်မာ့သမိုင်းတွင် ထင်ရှားကျော်ကြားလာမည့် သူရဲကောင်း အာဇာနည် မင်းကောင်းမင်းမြတ်ဖြစ်သည့် ဒုတိယမြန်မာနိုင်ငံတော်ကို တည်ထောင်တော်မူသော ဘုရင့်နောင်ကို ဖွားမြင်ခဲ့ကြသည်။ (ဘုရင့်နောင်မှာ တပင်ရွှေထီးထက် သုံးလနှင့်လေးရက် အသက်ကြီးသည်။) ထိုနေ့တွင် မင်းကြီးညိုအိမ်သို့ မင်းကြီးညို၏ ဆရာတော်ရင်းဖြစ်သည့် အရှင်မဟိန္ဒ ကြွတော်မူလာပြီး မင်းကြီးညိုက ‘ယနေ့ နံနက် နေတက် ၇ ဘွားအချိန်တွင် တပည့်တော်၏ ဇနီးသည်မှ သားယောက်ျားလေး ဖွားမြင်ပါသည်’ ဟု ဆရာတော်အား လျှောက်ထားသည်။

ဤသို့လျှောက်ထားချက်ကို ဆရာတော်ကြားသောအခါ ဆရာတော်က အတိတ်၊ နိမိတ်၊ ကိန်းခန်းများကို စိစစ်ဆင်ခြင်တော်မူပြီး ဤသို့မိန့်ကြားတော်မူသည်။
“မင်းကြီးဆွေ . . . ဖြစ်ပေါ်လာသည့် အတိတ်နိမိတ်တို့ကား လွန်စွာပင်ကောင်းလှသည်။ ထို့ကြောင့် သင့်သား၏ ဖဝါးအောက်သို့ နိုင်ငံပေါင်းများစွာ ခိုလှုံလာကြလိမ့်မည်။ သင်၏သားသည် တချိန်၌ ပြည်သူပြည်သားအပေါင်းတို့၏ အားထားမှီခိုရာကြီး ဖြစ်လာလိမ့်မည်။ မြေငလျှင် တုန်လှုပ်သောအတိတ်နိမိတ်မှာ ဖွားမြင်လာသော သားကောင်းရတနာ၏ ဘုန်းသမ္ဘာ အလွန်ကြီးကြောင်းကို ဤမဟာပထဝီမြေကြီးကပင် သက်သေခံသည့် အထိမ်းအမှတ်ပင် ဖြစ်သည်။ မြေပြင်အားလုံးကို အုပ်စိုးပိုင်ဆိုင်သော ဂုဏ်နှင့် ပြည့်စုံလိမ့်မည်။ မဟာပထဝီမြေကြီးကပင် ရှိခိုးဦးတင်ကာ ခုနှစ်ကြိမ်တိုင်တိုင်ကန်တော့သည့် အသွင်ဖြင့် လှုပ်သည်မှာ ဤမြေပြင်ပေါ်တွင်ရှိကြသည့် ထီးဆောင်းမင်းအပေါင်းတို့က သင်၏သားကောင်းရတနာကို ကျိုးနွံစွာ ဦးခိုက်ကြလိမ့်မည်ဟူသည့် အတိတ်နိမိတ်ပင် ဖြစ်သည်။ ဗုဒ္ဓဟူးနေ့ မြေငလျှင်တုန်လှုပ်သော ကိန်းခန်းတိတ္ထုံသဘောမှာ ဆင်ဖြူရတနာ ရောက်လာခြင်း၊ ဆင်ဖြူကို အစိုးရခြင်း၊ တိုင်းနိုင်ငံတကာမှ သမီးကညာနှင့် လက်ဆောင်ပဏ္ဍာများ ဆိုက်ရောက်လာကြလိမ့်မည်၊ ‘ဆင်ဖြူရှင်’ ဟူသော ဘွဲ့ထူးကို ခံယူရလိမ့်မည်” ဟု ဆရာတော်က နိမိတ်ဖတ်တော်မူသည်။
(မှတ်ချက် ။ ။ ဗုဒ္ဓဟူးနေ့၌ မြေငလျင်တုန်လှုပ်လျှင် ဆင်ဖြူရတနာရောက်ခြင်း၊ တိုင်းကြီးပြည်ကြီးတို့မှ သမီးကညာ ဆိုက်ရောက်လာခြင်းများ ဖြစ်လိမ့်မည်ဟူ၍ ငလျင်လှုပ်ကိန်းကို ဟောသော တိတ္ထုံကျမ်းတို့၌ ပြဆိုထား၏။)

ထို့နောက် ဆရာတော်က မင်းကြီးဆွေ၏ သာငယ်အမည်အား ‘ရဲထွတ်’ ဟု မှည့်ခေါ်ရန် မိန့်ဆိုတော်မူပြီးလျှင် ကျောင်းသို့ ပြန်ကြွ သွားသည်။ (ဆရာတော်မှာ မင်းကြီးညိုကိုးကွယ်သည့် ဆရာတော်ဖြစ်သောကြောင့် ‘မင်းကြီးဆရာတော်’ ဟူ၍လည်း ခေါ်ဆိုသည်။)
မင်းကြီးဆွေသည် ဆရာတော်ပေးတော်မူသည့် အမည်အတိုင်း ထူးခြားစွာဖွားမြင်လာသည့် မိမိသားငယ်ကို ‘ရှင်ရဲထွတ်’ ဟု ခေါ်ဆိုသည်။ (ရဲထွတ်ဟူသည့် အမည်သညာ၏ အဓိပ္ပာယ်မှာ ‘ရဲရင့်သူတို့၏အထွတ်အထိပ်’ ဟူ၍ဖြစ်၏။)

တပင်ရွှေထီးကို ဖွားမြင်တော်မူပြီးနောက် မင်းကြီးဆွေက တပင်ရွှေထီး၏ အထိန်းတော်ကြီး၊ မင်းကြီးဆွေ၏ ဇနီး ရှင်မျိုးမြတ်က တပင်ရွှေထီးကို နို့တော်ရည်တိုက်ရသည့် နို့ထိန်းကြီးအဖြစ် ခန့်ထားခံရသကဲ့သို့ သားငယ် ရှင်ရဲထွတ်မှာလည်း တပင်ရွှေထီး၏ ဖွားဖက်တော် ဖြစ်လာခဲ့ရသည်။ မင်းသားငယ် တပင်ရွှေထီးနှင့် ရှင်ရဲထွတ်တို့ မိသားစုသည် ရှေးရှေးဘဝဟောင်းက အကြောင်းရေစက်ပါလာ၍ ဟုပင် ဆိုရမည်။ မိသားစုရင်းချာပမာ ချစ်ခင်ကြ၏။ တပင်ရွှေထီးနှင့် ရှင်ရဲထွတ်တို့မှာလည်း ညီနောင်နွယ်ရင်းများပမာ တစ်ဦးကိုတစ်ဦး ချစ်ခင်ကာ သွားအတူ၊ စားအတူ၊ ကစားအတူ ဖြစ်ခဲ့ကြသည်။

ဤအကြောင်းကို မင်းကြီးညို သိတော်မူရာ “ငါ့သားတော်သည် မင်းကြီးဆွေ၊ ရှင်မျိုးမြတ်တို့နှင့် နီးစပ်သည့် လက္ခဏာပင် ဖြစ်သည်။ နန်းတော်တွင် ပျော်ရွှင်လိုသောဆန္ဒရှိဟန်မတူ မင်းကြီးဆွေ၏ အိမ်ကိုသာ နှစ်သက်သည်။ ထို့ကြောင့် ငါ့သားတော်ရတနာ၏ စိတ်အလိုကို ဖြည့်ဆည်းသည့်အနေဖြင့် မင်းကြီးဆွေနှင့် ရှင်မျိုးမြတ် မိသားစုကို ချီးမြောက်တော်မူမည်” ဟု တွေးတော်မူပြီးလျှင် နန်းတော်အနီး၌ အိမ်ကြီးတစ်ဆောင်ဆောက်စေကာ မင်းကြီးဆွေတို့ မိသားစုနေထိုင်ရန် ချီးမြှင့်သနားတော်မူသည်။

မင်းကြီးညိုသည် သားတော်အား မင်းသားတို့တတ်မြောက်အပ်သည့် အဋ္ဌာရသတစ်ဆယ့်ရှစ်ရပ်သောပညာတို့ကို သင်ကြားပေးရာ ရှင်ရဲထွတ်မှာ တပင်ရွှေထီးနှင့်တွဲ၍ သင်ကြားရသည်။ နှစ်ဦးစလုံးက သတ္တိအရာတွင် အလွန်ရဲရင့်ထက်မြက်ကြသည်။ စစ်သွေးစစ်မာန် ထက်သန်ကြသည်။ ကြီးမြင့်သောရည်ရွယ်ချက်များ ရှိနေကြသည်။ မင်းကြီးညိုမှာလည်း ယောက်ျားပီသခန့်ညားပြီး ငယ်စဉ်ကပင် ရဲရင့်တည်ကြည်ဖြောင့်မတ်သည့် သားတော် တပင်ရွှေထီး မင်းသားအတွက် လွန်စွာကျေနပ်နှစ်သက်အားရခြင်း ဖြစ်တော်မူရလေသည်။

ဆက်ရန်
စာရေးသူ ကိုဟိန်းဇေ

တပင်ရွှေထီး ဘုရင့်နောင်နှင့် ဒုတိယမြန်မာနိုင်ငံတော် (အပိုင်း - ၁)

တပင်ရွှေထီးသည် မွေးဖွားစဉ်အခါကပင်လျှင် မကြုံစဖူး ထူးဆန်းကြီးကျယ်သော နိမိတ်တွေကြုံကြိုက်ကာ ဖွားမြင်တော်မူလာသဖြင့် ဘုန်းသမ္ဘာနှင့်ပြည့်စုံသော ပုဂ္ဂိုလ်ထူးဖြစ်ကြောင်း ထင်ရှားပေသည်။

ရုပ်ကြန်လက္ခဏာ ဘုန်းသမ္ဘာနှင့်ပြည့်စုံတော်မူသောအတိုင်း ရွယ်နုပျိုမျစ် သက်တော် (၁၅) နှစ် အရွယ်၌ပင်လျှင် ခမည်းတော်ဘုရား၏ အရိုက်အရာဖြစ်သော ထီးနန်းအမွေကို ဆက်ခံ၍ တောင်ငူရွှေနန်းကို စိုးစံတော်မူသည်။ စိုးစံတော်မူသည်ကစ၍ နတ်လူတို့၏ ကြည်ညိုမြတ်နိုးခြင်းကို ခံရပြီးလျှင် တိုင်းသူပြည်သားအပေါင်းတို့က အောင်စေကြောင်းဖြင့် ဆုတောင်းလျက် ရှိကြသည်။

နဖူးရေရှုံ့တွမှ မကိုဋ်ဆင်ရသဖြင့် ဘယ်အကျိုးရှိပါအံ့နည်းဟူ၍ ပညာရှင်တို့ပြဆိုအပ်သော စကားပုံအတိုင်း ဘုရင်တပင်ရွှေထီးသည် နဖူးရေရှုံ့တွ၍ အိုမင်းသောအခါမှ မကိုဋ်ဆင်၍ ဘုရင်ပြုလုပ်ရသော ပုဂ္ဂိုလ်မဟုတ်ချေ။ နဖူးရေတင်းတင်း၊ ပျိုမျစ်ခြင်းဂုဏ်နှင့် ပြည့်စုံသည့်အခိုက်တွင် မကိုဋ်ဆင်၍လာရသဖြင့် လောကီသမ္ပတ္တိအရာတွင် လွန်စွာအကျိုးပေးဖြောင့်မတ်သော ပုဂ္ဂိုလ်ဟူ၍ ချီးမွှမ်းထိုက်ပေသည်။

မိမိကိုယ်တော်တိုင် ဘုန်းပညာလက္ခာဏာနှင့် ပြည့်စုံခဲ့သည့်အတိုင်း နိုင်ငံချဲ့ထွင်ရေး၊ အုပ်စိုးရေးကိစ္စတွင် လက်ရုံးတစ်ဆူ အလေးမူလောက်သော ယောက်ဖတော်ရှင်ရဲထွတ်ကို အားကိုးတော်မူရသည်မှာ ရွှေဘုန်းတော်၏ အထောက်အပံ့ကြီး တစ်ခုပင် ဖြစ်လေသည်။ ရှင်ရဲထွတ်သည် ဘုရင့်အပေါ်၌ သစ္စာရှိရှိ၊ ကတိဖြောင့်ဖြောင့်နှင့် စိတ်ထောင့်ခြင်းမရှိဘဲ ဘုရင့်အကျိုးကို မိမိအကျိုးကဲ့သို့ ကျွတ်ကျွတ်လွတ်လွတ် ရွတ်ဆောင်လေသည်မှာ လွန်စွာချီးမွမ်းဖို့ ကောင်းသောအချက်ပင် ဖြစ်သည်။

တပင်ရွှေထီး သေရည်သေရက်သောက်စားခြင်း မကောင်းသောမိတ်ဆွေတို့နှင့် ပေါင်းသင်းခြင်း၊ ဤအမှားတော်များကို လိုက်စားခြင်းမပြုမှီအတွင်းမှာ တော်လှန်ပုန်ကန်ရေးများနှင့် တစ်စုံတစ်ရာမျှမတွေ့ရပဲ ချီတော်မူ၍ လုပ်ကြံတော်မူသောအရေးတို့၌ မအောင်မြင်သည်ဟူ၍ မရှိပဲ အောင်ပွဲကိုသာ ရရှိတော်မူလေသည်။

စစ်ရေးစစ်ရာ၌ လွန်စွာ ဝါသနာထုံ၍ ချီတော်မူရာတို့၌ ကိုယ်တော်တိုင်လိုက်ပါချီတော်မူလေ့ ရှိပေသည်။ ဘုရင့်နောင်ကျော်ထင်အနော်ရထာဘွဲ့ခံ ရှင်ရဲထွတ်ကိုလည်း စစ်ဘုရင်ချုပ်ကြီး ခန့်ထားတော်မူပြီးလျှင် ကိုယ်နှင့်ထပ်တူထပ်မျှ သဘောထားတော်မူကာ မြှောက်စားတော်မူသည်။ မိမိက ရေကြောင်းချီလျှင် ရှင်ရဲထွတ်ကို ကုန်းကြောင်းချီစေသည်။

ပထမရှေးဦးစွာ ဟံသာဝတီကို အောင်မြင်တော်မူခြင်း၊ ထို့နောက် သရေခေတ္တရာ ပြည်မြို့ကို အောင်မြင်တော်မူခြင်း၊ မုတ္တမမြို့ကို အောင်မြင်တော်မူခြင်း၊ ရခိုင်ကို အောင်မြင်တော်မူခြင်း၊ ယိုးဒယားကို အောင်မြင်တော်မူခြင်း၊ ဤအောင်ပွဲများသည် လွန်စွာ ထင်ရှား၍ ကြီးကျယ်သော အောင်ပွဲများပင် ဖြစ်ပေသည်။

စစ်မှုရေးရာတို့၌ အမှုတော်ကို ထမ်းကြသော ဗိုလ်မှူး၊ စစ်ကဲမှစ၍ စစ်သည်တော်သားအမှုထမ်းများသို့ တိုင်အောင် အသက်ကိုစွန့်၍ အမှုတော်ကို ထမ်းကြလေသည်။ စစ်ရေးနှင့်စပ်၍ တစ်စုံတစ်ယောက်သောသူမျှ အာဏာတော်ကို ဖီဆန်၍ ကျင့်လေ့မရှိကြကုန်။ သို့ဖြစ်၍ အပွဲပွဲမှာ အောင်တော်မူခြင်းကို ရရှိလေသည်။ မြန်မာပြည်အောက်ပိုင်းနှင့် ယိုးဒယားပြည်ကိုသာ အရေးစိုက်တော်မူနေသောကြောင့် အထက်မြန်မာပြည်၌ရှိသော အဝမြို့တော်ကြီးကိုမူကား တိုက်ခိုက်ခြင်း ပြုတော်မမူရချေ။

ကေတုမတီ တောင်ငူရာဇဝင်

သက္ကရာဇ် (၅၃၆) ခုနှစ်တွင် ပုဂံပြည်ကို စိုးစံတော်မူသော နရပတိစည်သူမင်းသည် အထက်အညာအရပ်ရှိ ရွှေကြက်ယက်၊ ရွှေကြက်ကျ ဘုရားနှစ်ဆူကို ဖူးမြင်တော်မူရန် ရွှေဖောင်တော်ဖြင့် ဧရာဝတီမြစ် မြစ်ညာသို့ ဆန်တက်တော်မူလာစဉ် ရေအောက်မှ မိချောင်းတစ်ကောင်သည် ဖောင်တော်ကို ကျောက်ကုန်းနှင့်ထမ်း၍ ရန်မူလေသည်။

ထိုအခါ ရန်မာန်ငထွေးအမည်ရှိသော သူရဲကောင်းသည် ရေအောက်သို့ဆင်း၍ မိကျောင်းနှင့် ယှဉ်ပြိုင်တိုက်ခိုက်ရာ မိကျောင်းသေလေသည်။ ထို့နောက် နရပတိစည်သူမင်းသည် လွန်စွာအားရတော်မူပြီးလျှင် သားတော်ဇေယျသိင်္ခ၏ နှမတော်နှင့် ပေးစားတော်မူကာ အနန္တသူရိယ ဟူသောဘွဲ့မည်နှင်းအပ်၍ သူကောင်းပြုတော်မူသည်။

ထိုအနန္တသူရိယမှ သားတော်မင်းလှစောကိုဖွားမြင်၍ ထိုသားတော်မင်းလှစောမှ သားတော် သဝန်လက်ယာကို ဖွားမြင်လေသည်။ အခါတစ်ပါး၌ နရပတိစည်သူမင်းသည် တိုင်းခန်း လှည့်လည်တော်မူရာ ဇေယျာဝဎုသနတိုင်းသို့ ရောက်လာ၍သရထည်ညီနောင်ဘုရားနှင့် ကျောက်ဆောက် ညီနောင်ဘုရားများကို ဖူးမြင်တော်မူလေရာ ပြိုပျက်နေသော ဘုရားများကို ပြုပြင်ရန် အနန္တသူရိယ အမတ်အား လွှဲအပ်တော်မူသည်။

သို့ဖြင့် အနန္တသူရိယအမတ်၏ သားတော် မင်းလှစောနှင့် မြေးတော် သဝန်လက်ယာ တို့သည် ဇေယျာဝဎုသနတိုင်းရှိ ပေါင်းလောင်းမြစ် လက်တက်၊ ယခု ဆွာချောင်းအထက် တောင်ငယ်အငူ တစ်ခုတွင် ကမ်းပါးမြင့်ရွာကို အခြေတည်လျက် လူသူစုရုံးကာ မြို့ရွာ တည်ထောင်ကာ နေကြသည်။ ယင်းကမ်းပါးမြင့်ရွာမှာ သရထည်ညီနောင်ဘုရားမှ မြောက်ဘက်တာ (၂၅၀၀၀) ခန့်အကွာတွင် တည်ရှိသည်။

သဝန်လက်ယာ၏ဝီရိယလုံ့လကြောင့် ထိုကမ်းပါးမြင့်ရွာသည် ဆန်ရေစပါး ပေါများပြည့်ကြွယ်ပြီး စည်ကားတိုးတက်လာကာ သဝန်လက်ယာသည်လည်း ထိုရွာကိုစားသော ရွာစားဖြစ်လာလေသည်။ (မှတ်ချက်။ ။ ကမ်းပါးမြင့်ရွာကား သူရဿတီနတ်တို့ တည်ထောင်ပေသည်ဟူ၍ အယူရှိသဖြင့် “ဆွာစ္စတိ” မြို့ဟု ခေါ်လာကြပြီး ယခုကာလအခေါ်အားဖြင့် “ဆွာမြို့” ဟု ခေါ်ဆိုသည်။)

သဝန်လက်ယာအုပ်ချုပ်သော ကမ်းပါးမြင့်ရွာကြီးသည် လူသူစည်ကားလျက် မင်းနေပြည်သဖွယ် မြို့ရိုးသစ်တပ်ထု ကာရံကာ စစ်သည်အင်အားဖြည့်ထား၍ နေကြရာတွင် ကမ်းပါးမြင့်ရွာ၏ ဂုဏ်သတင်းသည် ကျောစောခြင်းသို့ရောက်လာလေရာ မုတ္တမကို အုပ်စိုးသော မွန်မင်းဝါရီရူသည် စစ်သည်အင်အားအလုံးအရင်းဖြင့် ရောက်ရှိလာပြီး ကမ်းပါးမြင့်ရွာကို တိုက်ခိုက်သိမ်းယူလေသည်။

ထိုမွန်မင်းဝါရီရူသည် ဖမ်းဆီးရရှိသော သဝန်လက်ယာနှင့် ဇနီးသားမယားတို့ကို ယူဆောင်လာကာ ယခင်အခါက ပျူလူမျိုးများနေထိုင်ခဲ့ဖူးရာ ဖြစ်သည့် ပျူရွာဟုခေါ်သော ရွာကြီးတစ်ရွာတွင် အကျယ်ချုပ်ထားသည်။ (မှတ်ချက်။ ။ ယင်း ပျူရွာကို ဖြူးရွာ၊ ထို့နောက်မှ ယခု ဖြူးမြို့ဟု ခေါ်ဆိုကြသည်။)

သက္ကရာဇ် (၆၄၁) ခုနှစ်တွင် ပျူရွာ၌ ဖမ်းဆီးခံထားရသည့် သဝန်လက်ယာသည် မိမိနေရင်း ကမ်းပါးမြင့်ရွာကို အလွန်လွမ်းဆွတ် သတိရသဖြင့် မိမိသား သဝန်ကြီးနှင့် သဝန်ငယ်တို့ကို ခေါ်၍ ဤသို့ မှာကြားလေသည်။

“ငါ့သားများသည် ငါမရှိသည့်နောက်တွင် ဤပျူရွာ၌ မနေကြဘဲ အခွင့်အခါသာသည်နှင့် လှေဖြင့်ပေါင်းလောင်းမြစ်ကို ဆန်တက်၍သွားကြပါလေ။ ထိုနေရာမှ ခရီးတစ်သောင်းခန့်တွင် ပေါင်းလောင်းမြစ်၏ လက်ဝဲဘက်၌ ချောင်းတက် တစ်ခုကို တွေ့ကြရလိမ့်မည်။ ထိုချောင်းတက်အတိုင်း အနောက်ကိုလိုက်သွားသည်ရှိသော် တောင်ငူအငယ်တစ်ခုကို တွေ့ကြရမည်။ ယင်းနေရာတွင် မြို့ရွာတည်၍ နေကြလေ။ အကယ်၍ ယခင်မြို့ရွာဟောင်းကို ပြန်တွေ့သော် ငါ၏နေရာဟောင်းဟု မှတ်ကြလေ”

သဝန်လက်ယာကွယ်လွန်လျှင် သဝန်ညီနောင်တို့သည် ဖင်ခင်မှာထားရင်း စကားအတိုင်း ပေါင်းလောင်းမြစ်ကို ဆန်တက်လာကြရာ ခပေါင်းချောင်းဟုခေါ်သော ချောင်းတက် ကို တွေ့ရှိသည်။
ထိုအခါ ဖခင်သဝန်လက်ယာ အမှတ်ထားအပ်သော နေရာဟုအတွေးမှားကြပြီးလျှင် ထိုချောင်းတက်အတိုင်းအနောက်သို့ လိုက်လာကြရာ အနောက်တောင်ရိုးမ၏ အငူကို တွေ့ကြသည်။ ထိုနေရာကို ဖခင်သဝန်လက်ယာမှာကြားသောအရပ်ဟူ၍ ထင်မှတ်ကြပြီးလျှင် တောင်ငူဟု အမည်မှည့်ဆို၍ မြို့ရွာတည်ထောင်ကြလေသည်။
(မှတ်ချက်။ ။ ထိုတောင်ငူအရပ်မှာ ယခုအခါ တောင်ငူမြို့၏ အနောက်တစ်မိုင်ခန့်အကွာ ကြက်ရိုးပင်ခေါ်သည့် ရွာအနီး၌ တောဖြစ်၍ နေပြီဖြစ်သည်။ ဖခင်သဝန်လက်ယာ မှာထားခဲ့သော ချောင်းတက်မှာ ဆွာချောင်းတက်ဖြစ်ပြီး၊ ယခုတွေ့ရှိသော နေရာကား ပေါင်းလောင်းချောင်းတက်သာ ဖြစ်၏။)

တောင်ငူမြို့ကို တည်ပြီးနောက် လူသူရုံးစည်း၍ နောက်ပါအခြွေအရံများလာသည်နှင့် ဤတောင်ငူကားကျဉ်းလှသည်။ ယခုထက်ကြီးသည့် မြို့ကို တည်အံ့ဟူ၍ မိမိတို့၏ ထောင်မှူးဖြစ်သည့် ကရင်ဘကိုခေါ်၍ မြို့ရွာတည်ရန် နေရာသစ်ကို ရှာကြပြန်သည်။
ထောင်မှူးကရင်ဘသည် တောင်ငူငယ်၏ မြောက်ဘက်တွင် နေရာသစ်ကိုတွေ့သဖြင့် ထိုနေရာ ကြခတ်တောကြီးကို ရှင်းပြီးလျှင် မြို့တည်ကြသည်။ ထိုမြို့၏ အမည်ကို တောင်ငူကြီးဟူ၍ ခေါ်ကြသည်။ (မှတ်ချက်။ ။ တောင်ငူကြီးသည် ယခုကြက်ရိုးပင်ရွာ၏ မြောက်ဘက်၊ ခပေါင်းမြစ်ဖျားမြောက်ဘက်တွင် တည်ရှိသည်။ ယခု တောဖြစ်နေပြီဖြစ်သော်လည်း ယင်းနေရာကို ယခုတိုင် တောင်ငူတော် ဟု ခေါ်ဆိုကြသည်။)
တောင်ငူကြီးကို သဝန်ညီနောင်တို့က သက္ကရာဇ် (၆၄၁) ခုနှစ်၊ ကဆုန်လဆန်း (၉) ရက် တနင်္လာနေ့တွင် စတည်ထောင်သည်။ ထိုတောင်ငူကို စိုးစံအုပ်ချုပ်သော မင်းများကာ အောက်ပါအတိုင်းဖြစ်သည်။
သဝန်ကြီးမင်း၊ သက္ကရာဇ် ၆၄၁ မှ ၆၇၉

သဝန်ငယ်၊ သက္ကရာဇ် ၆၇၉ မှ ၆၈၆
စောနစ်၊ သက္ကရာဇ် ၆၈၆ မှ ၆၈၇
ကရင်ဘ၊ သက္ကရာဇ် ၆၈၇ မှ ၇၀၄
လက်ယာစကြာ၊ သက္ကရာဇ် ၇၀၄ မှ ၇၀၆
ထောက်လှေကား၊ သက္ကရာဇ် ၇၀၆ မှ ၇၀၈
သိင်္ဂပါမင်း၊ သက္ကရာဇ် ၇၀၈ မှ ၇၂၀
တောင်ငူပျံချီကြီး၊ သက္ကရာဇ် ၇၂၉ မှ ၇၃၇
မြို့စောင့်တလိုင်းမစ်န်၊ သက္ကရာဇ် ၇၃၇ (ခုနှစ်လသာ)
တောင်ငူပျံချီငယ်၊ သက္ကရာဇ် ၇၃၇ မှ ၇၄၁
စုက္ကတေး၊ သက္ကရာဇ် ၇၄၁ မှ ၇၄၅
မင်းဖောင်းကား၊ သက္ကရာဇ် ၇၄၅ မှ ၇၅၉
မင်းစောဦး၊ သက္ကရာဇ် ၇၅၉ မှ ၇၆၁
မင်းနေမိ၊ သက္ကရာဇ် ၇၆၁ မှ ၇၇၀ (တောင်ငူတွင် မင်းတစ်နှစ် လပ်၏)
မင်းလက်ယာ၊ သက္ကရာဇ် ၇၇၁ မှ ၇၇၃
စတုသင်္ခယာကြီး၊ သက္ကရာဇ် ၇၇၃ မှ ၇၇၇
သင်္ခယာငယ်၊ သက္ကရာဇ် ၇၇၇ မှ ၇၈၀ (ရှမ်းဖျက်၍ တောင်ငူ တစ်နှစ်လပ်၏)
ပန်းတောင်းမင်း၊ သက္ကရာဇ် ၇၈၁ မှ ၇၈၃
စောလူးသင်္ခယာ၊ သက္ကရာဇ် ၇၈၃ မှ ၇၉၇
ဥဇနာ (ဥစ္စနာ)၊ သက္ကရာဇ် ၇၉၇ မှ ၇၉၈
ဒုတိယမင်းစောဦး၊ သက္ကရာဇ် ၇၉၈ မှ ၈၀၄
မင်းတရဖျား၊ သက္ကရာဇ် ၈၀၄ မှ ၈၀၇
မင်းခေါင်ငယ်၊ သက္ကရာဇ် ၈၀၇ မှ ၈၁၃
မင်းငယ်ကျော်ထင်၊ သက္ကရာဇ် ၈၁၃ မှ ၈၂၁
မင်းကြီးဇေယျသူ၊ သက္ကရာဇ် ၈၂၁ မှ ၈၂၈
လက်ယာဇလသင်္ကြန်၊ သက္ကရာဇ် ၈၂၈ မှ ၈၃၂
စည်သူကျော်ထင်၊ သက္ကရာဇ် ၈၃၂ မှ ၈၄၃
မင်းကြီးစည်သူ၊ သက္ကရာဇ် ၈၄၃ မှ ၈၄၇
မင်းကြီးညို၊ သက္ကရာဇ် ၈၄၇ မှ ၈၉၂
တပင်ရွှေထီး၊ သက္ကရာဇ် ၈၉၂ မှ ၉၀၂
မင်းရဲသိင်္ခသူ၊ သက္ကရာဇ် ၉၀၂ မှ ၉၁၀
မင်းခေါင်၊ သက္ကရာဇ် ၉၁၀ မှ ၉၁၂
ဘုရင့်နောင်၊ သက္ကရာဇ် ၉၁၂ မှ ၉၁၄ (တောင်ငူမှ ဟံသာဝတီသို့ ပြောင်းရွှေ့စိုးစံသည်။)
မင်းခေါင်၊ သက္ကရာဇ် ၉၁၄ မှ ၉၄၆
မင်းရဲသီဟသူ၊ သက္ကရာဇ် ၉၄၆ မှ ၉၇၁
နတ်သျှင်နောင်၊ သက္ကရာဇ် ၉၇၁ မှ ၉၇၄

တောင်ငူကို သက္ကရာဇ် ၉၇၄၊ ဝါခေါင်လတွင် သံလျင်ငဇင်ကာ လာရောက်တိုက်ခိုက်သိမ်းယူကာ မြို့ကို မီးတိုက်ဖျက်ဆီးပြီး နတ်သျှင်နောင်ကို သံလျင်သို့ ခေါ်ဆောင်သွားသဖြင့် တောင်ငူပျက်သည်။

မင်းကြီးညိုတည်သည့် ကေတုမတီတောင်ငူမြို့

မင်းဆက် (၂၉) ဆက်မြောက်အဖြစ် စိုးစံသော မင်းကြီးညိုသည် ယခုတောင်ငူသည် ကျဉ်းမြောင်းလှသည်။ ပေါင်းလောင်းမြစ်နှင့်လည်း အလှမ်းကွာသည်။ မြို့ကို ပြောင်းရွှေ့ရန် မြို့သစ် တည်ရသော် ကောင်းအံ့ဟု ကြံ၍ တောင်ငူကြီးမှသည် ပဲပုပ်ချောင်း အနီးသို့ပြောင်း၍ မြဝတီအမည်ဖြင့် မြို့သစ်တည်ကာ ထိုနေရာတွင် ငါးနှစ်ခန့် စံမြန်းသည်။
(မှတ်ချက်။ ။ မြဝတီမြို့နေရာဟောင်းမှာ ယခုတောင်ငူမြို့၏ အနောက်မြောက် ပဲပုပ်ချောင်း အရှေ့ဘက်ရှိ သရက်မှော်တည်ရှိရာ နေရာဖြစ်သည်ဟု အဆိုရှိ၏။)

ထိုမှတဖန် မြဝတီနေရာကိုလည်း မကြိုက်နှစ်သက်ပြန်သဖြင့် ခပေါင်းချောင်းနှင့် ပေါင်းလောင်းမြစ်ဆုံရာ အရပ်ဖြစ်သောနေရာကို ရွေးချယ်၍ မြို့ပြောင်း စံမြန်းတော်မူပြန်သည်။ ယင်းမြို့အမည်မှာ ဒွာရာဝတီဖြစ်သည်။ ဒွါရာဝတီကို သက္ကရာဇ် (၈၅၃) ခုနှစ်တွင် တည်တော်မူ၍ နှစ်ပေါင်း (၂၀) ကျော်မျှ စံမြန်းတော်မူသည်။

ထိုဒွါရာဝတီမြို့မှာ လူနေများပြားစည်ကား သိုက်မြိုက်လာသည်သာမက အင်းဝမှာလည်း ရွှေအနော်ရထာ အရေးကြောင့် ကောင်းစစ်လေးမှူး၊ လှော်ကားသုံးထောင်မှူး၊ ရှင်ထွေးနာသိန်တို့နှင့် လူအများ ခိုဝင်လာကြသည့်အတွက် မြို့သစ် တည်ရန် ကြံတော်မူပြန်သည်။
မြို့တည်နေရာကို ရှာရာတွင် ပေါင်းလောင်းမြစ်၏ အနောက်ဘက်တွင် လျော်ကန် သင့်မြတ်သည့်နေရာကို တွေ့ရသဖြင့် သက္ကရာဇ် (၈၇၂) ခုနှစ်၊ တန်ဆောင်မုန်းလပြည့်၊ အင်္ဂါနေ့တွင် တောင်ငူမြို့ကို တည်ထောင်တော်မူပြီး၊ ကေတုမတီဟူသော အမည်ကို သမုတ်တော်မူသည်။ မြို့ကို တည်သောအခါ ယခု လေးကျွန်းကန်တော်ဟု ခေါ်ကြသော “ကြာအင်း” ကို မြို့အတွင်းသို့ သွင်း၍တည်တော်မူသည်။

ဆက်ရန်
(စာရေးသူ ကိုဟိန်းဇေ)