
သခင်ကြီးမင်းသမီးကား တပင်ရွှေထီးနှင့် ခမည်းတော်တူ မယ်တော်ကွဲ မောင်နှမတော် ဖြစ်သည်။ တပင်ရွှေထီး၏ အစ်မတော်ဖြစ်ပြီး၊ မယ်တော်မှာ မိုးဗြဲစားသမီးတော် ခင်နွယ် ဖြစ်သည်။ ရှင်ရဲထွတ်နှင့် အသက်အရွယ်မတိမ်မယိမ်းဖြစ်ကာ ကစားဖော်ကစားဖက် ဖြစ်ခဲ့သည်။ ငယ်စဉ်ကာလကပင် ရှင်ရဲထွတ်နှင့် တစ်ဦးပေါ်တစ်ဦး သံယောဇဉ်တွယ်တာမှုများ နှောင်ဖွဲ့လာမိခဲ့ကြသည်။ အချစ်စိတ်က ဖုံးလွှမ်းကာဆီးထားသဖြင့် ရှင်ရဲထွတ်မှာ ဘုရင့်သမီးတော်အား ချစ်မိမှားသည့်အတွက် ကျရောက်လာမည့် ရာဇဝတ်ဘေးကိုလည်း မတွေးမမြင်နိုင်တော့ပေ။...